ခိုလမ်မြို့၊ အ.မ.က(ခလရ၆၆)ကျောင်းတွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသ

ခိုလမ် ဖေဖော်ဝါရီ ၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၊ အ.မ.က(ခလရ-၆၆)ကျောင်းတွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့်နံရံကပ်စာစောင်ပြသခြင်းကို ယနေ့ နံနက် (၁၀) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးလွှမ်းသူ‌နောင်မှ ကျောင်းသား၊ကျောင်းသူများအနေဖြင့် အထိမ်းအမှတ်နေ့များကို မြတ်နိုးတန်ဖိုးထားရန်နှင့် မ‌မေ့လျော့စေရန်ပြောကြားခဲ့ပြီး ဒေါ်ဝေဝေအောင်(စာကြည့်တိုက်လက်ထောက်-၃)မှ ပြည်‌ထောင်စုနေ့ ဖြစ်‌ပေါ်လာပုံသမိုင်း‌ကြောင်းနှင့် ပြည်ထောင်စုစိတ်ဓာတ်အကြောင်းကို အကျယ်တဝင့် ရှင်းလင်းဟောပြောပေးခဲ့သည်။

ထို့နောက် ဟောပြောပွဲတက်ရောက်လာကြသော ကျောင်းသား/ကျောင်းသူများအား လူကုန်ကူးမှုတားဆီးကာကွယ်‌ရေး အသိပညာပေးနံရံကပ်စာစောင်နှင့် မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေး နံရံကပ်စာစောင်များကို ပြသခဲ့ကြောင်း သိရသည်။

နေလင်းထွန်း(ပြန်/ဆက်)