လသာမြို့နယ် သိမ်ကြီး​ဈေး(ဃ)ရုံတွင် ​ရောင်းချသည့်​စားသောက်ကုန်များ​​​ဘေးအန္တရာယ်ကင်းရှင်းစေရေး ကွင်းဆင်းစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး၊ ​ကျောက်တံတားခရိုင်၊ လသာမြို့နယ်သိမ်ကြီး​စျေး(ဃ)ရုံတွင် ​ရောင်းချသည့် စား​သောက်ကုန်များနှင့်စပ်လျဉ်း၍ ဘေးအန္တရာယ်ကင်းရှင်းစေရန်ရည်ရွယ်၍ ယနေ့နံနက် ၉ နာရီအချိန်က တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ပေါက်ခေါင်းမြို့နယ်၌ နွေစပါး ၁၁၈၇၁ ဧက လျာထားစိုက်ပျိုးမည်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ နွေစပါးစိုက်ပျိုးရေးအတွက် တောင်နဝင်းရေလှောင်တမံမှ စိုက်ပျိုးရေများကို ဇန်နဝါရီလ ၁ ရက်နေ့မှစတင်ပြီး စိုက်ပျိုးမြေများသို့ စတင်ဖြန့်ဝေခဲ့ရာ နွေစပါးစိုက်မည့်တောင်သူများသည် မိရိုးဖလာကျွဲ၊ နွားများဖြင့်သော်လည်းကောင်း၊ စက်ကိရိယာလယ်ထွန်စက်များအသုံးပြု၍သော်လည်းကောင်း စိုက်ပျိုးမြေများပြုပြင်ခြင်း၊ ထွန်ယက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြသည်။

ဘိုကလေးမြို့နယ် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းတွင် လူငယ်စကားဝိုင်းနှင့် ဟောပြောပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်ရှိ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းတွင် ယမန်နေ့နေ့လယ်(၂)နာရီအချိန်က လူငယ်စကားဝိုင်းနှင့် ဟောပြောပွဲ ကျင်းပဆောင်ရွက်သည်။

ကလေးဝမြို့တွင် စက်သုံးဆီအရောင်းဆိုင်များအား မီးဘေးအန္တရာယ်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့တွင် မြို့ပေါ်ရှိစက်သုံးဆီအရောင်းဆိုင်များအား မီးဘေးအန္တရာယ်ကာကွယ်ရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းကို မီးသတ်ဦးစီးဌာနက ယနေ့ နံနက် ၉ နာရီခွဲက ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပေါင်မြို့နယ်(အ.ထ.က)(ခွဲ)ပန်းကုန်း(မွန်)ကျောင်း၌ လူငယ်များဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်လူငယ်စကားဝိုင်း ပြုလုပ်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယနေ့နံနက်(၁၀)နာရီက ပေါင်မြို့နယ်(အ.ထ.က)(ခွဲ)ပန်းကုန်း(မွန်)ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ဟုမ္မလင်းမြို့၌ မွေးစမှ အသက်တစ်နှစ်ခွဲအောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးပေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ်တွင် မွေးစမှ အသက် တစ်နှစ်ခွဲအောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးခြင်းကို ယနေ့နံနက် (၉) နာရီက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကုသခန်းမဆောင်၌ ဆောင်ရွက်ပေးသည်။

ဘိုကလေးမြို့နယ်၌ စဉ်ဆက်ပညာရေး(မြို့နယ်အဆင့်) နည်းပြသင်တန်းဖွင့်လှစ်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်ရှိ ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများတွင် အကြောင်းအမျိုးမျိုးကြောင့် ငယ်စဥ်က မူလတန်းပညာကို ပြီးဆုံးအောင် မသင်ကြားခဲ့ရသူများကို ယခင်က အခြေခံစာတတ်မြောက်ရေးလုပ်ငန်း အစီအစဉ်ဖြင့် ဆောင်ရွက်ပေးခဲ့ပြီး ယခုအခါ၎င်းတို့အား စာရေးစာဖတ်စွမ်းရည် ပိုမိုတိုးတက်လာစေရေး၊ စာဖတ်ရှိန်မြှင့်တင်ရေး၊ လူမှုစီးပွားဘဝတိုးတက်လာစေရေးတို့ အပါအဝင် ရည်ရွယ်ချက်များစွာဖြင့် စဉ်ဆက်ပညာရေးလုပ်ငန်း ဆက်လက်ဆောင်ရွက်မည်ဖြစ်ရာ ယနေ့နံနက်(၉)နာရီအချိန်၌ (မြို့နယ်အဆင့်) နည်းပြသင်တန်းဖွင့်ပွဲ အခမ်းအနားကို မြို့နယ်ပညာရေးမှူးရုံး၊ ပညာရတနာခန်းမတွင် ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဒေးဒရဲမြို့နယ်၌ စဉ်ဆက်ပညာရေး(မြို့နယ်အဆင့်) ဆင့်ပွားသင်တန်းဖွင့်လှစ်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်ရှိ ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများတွင် အကြောင်းအမျိုးမျိုးကြောင့် ငယ်စဥ်က မူလတန်းပညာကို ပြီးဆုံးအောင်မသင်ကြားခဲ့ရသူများ၊ စာမတတ်သူပြည်သူများနှင့် တိုင်းရင်းသားများ စာတတ်မြောက်လာစေရန်ရည်ရွယ်၍ မြို့နယ်အခြေခံပညာဦးစီးက ကြီးမှူးကျင်းပသည့် စဉ်ဆက်ပညာရေး (မြို့နယ်အဆင့်) ဆင့်ပွားသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉)နာရီက ​အမှတ်(၁) အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းရှိ ကရဝိက်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to