မအူပင်တက္ကသိုလ်၌ Grade 12 အောင်ချက်မြင့်မားရေးဘာသာရပ်အလိုက် ဟောပြောပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်တက္ကသိုလ်၌ Grade 12 အောင်ချက်မြင့်မားရေး ဘာသာရပ်အလိုက်ဟောပြောပွဲအား ယမန်နေ့နံနက် ၉ နာရီက မအူပင်တက္ကသိုလ်ရှိဘွဲ့နှင်းသဘင်ခန်းမ၌ သိပ္ပံတွဲနှင့် ဝိပ္ပံတွဲဘာသာရပ်များအားလည်းကောင်း၊ မအူပင်တက္ကသိုလ် မိုးလုံလေလုံအားကစားခန်းမ၌ ဝိဇ္ဇာတွဲဘာသာရပ်များအားလည်းကောင်း ဟောပြောပွဲကျင်းပပြုလုပ်သည်။

ပွင့်ဖြူမြို့နယ်၌ ဆောင်းသီးနှံရာသီက စိုက်ပျိုးခဲ့သည့် ငရုတ်ခြောက်သီးနှံ ၆၈၀ ဧကထိ သိမ်းဆည်းပြီးစီးပြီဖြစ်

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဆောင်းသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးခဲ့သည့် ငရုတ်ခြောက်သီးနှံ ၆၈၀ ဧကထိ သိမ်းဆည်းပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ပုသိမ်ကြီး မြို့မရဲစခန်း၌ မီးဘေးလုံခြုံရေးအတွက် အသိပညာပေးခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်မှုများ ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ မီးသတ်ဦးစီးဌာန မြို့နယ်မီးသတ်ဦးစီးအရာရှိနှင့် တပ်ဖွဲ့ဝင်များသည် မြို့မရဲစခန်းတွင် မီးဘေးလုံခြုံရေးစစ်ဆေးခြင်း၊ အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့ငြှိမ်းသတ်ခြင်းများ ဆောင်ရွက်ခြင်းကို ယမန်နေ့မွန်းလွဲ ၂ နာရီက အဆိုပါစခန်းအတွင်း ဆောင်ရွက်ရာ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ကြည်ခိုင်ကျော်၊ မြို့မရဲစခန်းမှူး ဝင်းထွဋ်နှင့်တပ်ဖွဲ့ဝင်များ၊ တပ်ဖွဲ့ဝင်မိသားစုများ စုစုပေါင်းအင်အား (၅၀) ဦးခန့် တက်ရောက်ခဲ့ကြသည်။

မြို့သစ်မြို့နယ်တွင် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်း ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ ကလေးအလုပ်သမားနှင့်ပတ်သက်၍ အသိပညာဗဟုသုတများရရှိစေရေးအတွက် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ဖေဖော်ဝါရီလ ၃ ရက် မွန်းလွဲ ၁ နာရီက ပုလင်းကြီးကျေးရွာအုပ်စု၊ သီးပင်ကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

မိုင်းပျဉ်းမြို့နယ်၌ ဒေသဖွံ့ဖြိုးရေး၊ ယာဉ်အန္တရာယ်နှင့် လမ်းအန္တရာယ်ကင်းရှင်းရေးအတွက် ကွင်းဆင်းဆောင်ရွက်ခြင်း

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၌ မြို့နယ်အုပ်ချုပ်ရေးမှူး၏ ဦးဆောင်မှုဖြင့် ဒေသဖွံ့ဖြိုးရေး၊ ယာဉ်အန္တရာယ်နှင့် လမ်းအန္တရာယ်ကင်းရှင်းရေးတို့အတွက် မိုင်းပျဉ်းမြို့တွင်း လမ်းမကြီးတစ်လျှောက်နှင့် မိုင်းပျဉ်း−မက်မန်းလမ်း ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

သာစည်မြို့နယ်တွင် မြေပြင်လူဦးရေစာရင်းနှင့်တိုက်ဆိုင်စစ်ဆေးခြင်းများ ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် မြေပြင်လူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်းများကို ဖေဖော်ဝါရီ ၃ ရက်က မြို့ပေါ်ရပ်ကွက်နှစ်ခုနှင့်ကျေးရွာသုံးရွာ၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ သာစည်မြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးမြတ်သူရထံက သိရသည်။

တောင်တွင်းကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို မြို့နယ်အဆင် ပုံ​​ပြင်ပြောပြိုင်ပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို မြို့နယ်အဆင့်ပုံပြင်ပြောပြိုင်ပွဲကို ယနေနံနက်ပိုင်းက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ချမ်းအေးသာစံမြို့နယ်တွင် အဋ္ဌမအကြိမ် မြို့နယ်သံဃာ့ဝန်ဆောင်အဖွဲ့ သတ္တမအစည်းအဝေး ကျင်းပ

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ အဋ္ဌမအကြိမ် မြို့နယ်သံဃာ့ဝန်ဆောင်အဖွဲ့သတ္တမအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ (၁) နာရီက သီရိဟေမာအရှေ့ရပ်ကွက်၊ ၂၇×၂၈ လမ်းကြား၊ ၈၈×၈၉ လမ်းကြားရှိ မဟာလောကရံသီ အိမ်တော်ရာစေတီတော်၊ ရတနာဃရ ၁၄ ခန်း ဓမ္မဗိမာန်တွင် ကျင်းပခဲ့ကြောင်း သိရသည်။

အင်္ဂပူမြို့တွင် ၂၀၂၅ ခုနှစ် စဉ်ဆက်ပညာရေးလုပ်ငန်း မြို့နယ်အဆင့် ဆင့်ပွားသင်တန်းဖွင့်လှစ်

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့ အ.ထ.က(အင်္ဂပူ)ငုရွှေဝါခန်းမ၌ ယမန်နေ့နံနက်ပိုင်းက ပညာရေးဝန်ကြီးဌာနနှင့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၅ ခုနှစ်၊ စဉ်ဆက်ပညာရေးလုပ်ငန်း မြို့နယ်အဆင့် ဆင့်ပွားသင်တန်းဖွင့်ပွဲအခမ်းအနား ပြုလုပ်ခဲ့သည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၅) ကို ယမန်နေ့နံနက်ပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Subscribe to