မုဒုံမြို့၌ စဥ်ဆက်ပညာရေးလုပ်ငန်းစာသင်ဝိုင်းများတွင် စာသင်သား ၈၆၀ အား သင်ကြားပို့ချ

မွန်ပြည်နယ်၊ မုဒုံမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားများ ဒေသတွင်း စာတတ်မြောက်ရေးမြှင့်တင်နိုင်ရန်အတွက် စဥ်ဆက်ပညာရေးလုပ်ငန်းစာသင်ဝိုင်းများကို ယနေ့နံနက်ပိုင်းက သင်ကြားပို့ချပေးလျက်ရှိသည်။

နိုင်ငံတော်အစိုးရသာသနဓဇဓမ္မာစရိယဘွဲ့တံဆိပ်တော် B.A(Buddhism) ရရှိတော်မူသော “အရှင်ခေမိန္ဒာစာရ” အရှင်သူမြတ်၏ ဂုဏဝိသိဋ္ဌ ဂုဏ်ပြုပူဇော်ပွဲ မင်္ဂလာအခမ်းအနားကျင်းပ

သာသနာတော်နှစ်(၂၅၆၈)ခုနှစ်၊ ကောဇာသက္ကရာဇ် - ၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း(၅)ရက်ခရစ်နှစ်-၂ဝ၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၂)ရက် တနင်္ဂနွေနေ့ နေ့လယ် ၁၂ နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်နှင့် လပွတ္တာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ အလှူရှင်ဒါယကာ၊ ဒါယိကာမများစုပေါင်း၍ နေရာပျံချီကျေးရွာ၊ သီရီမင်္ဂလာကျောင်းတိုက်မှ နိုင်ငံတော်အစိုးရသာသနဓဇဓမ္မာစရိယ ဘွဲ့တံဆိပ်တော်၊ B.A(Buddhism) ဘွဲ့တံဆိပ်တော်ရရှိတော်မူသော “အရှင်ခေမိန္ဒာစာရ” အရှင်သူမြတ်၏ ဂုဏဝိသိဋ္ဌဂုဏ်ပြုပူဇော်ပွဲ မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။

ဇီးကုန်းမြို့နယ်၌ သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၉)နာရီခွဲအချိန်က အခြေခံပညာအထက်တန်းကျောင်း(အ.ထ.က-မြို့မ)၌ ကျင်းပပြုလုပ်ခဲ့သည်။

ရွှေကျင်မြို့တွင် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြသခြင်းဆောင်ရွက်ပေး

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်တွင် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြသခြင်းကို ယနေ့နံနက်(၁၀)နာရီက ကျွဲတဲရပ်ကွက် အခြေခံပညာမူလတန်း(လွန်)ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

လွိုင်ကော်မြို့၌ ယခင်ကောက်ယူထားသည့် eID အိမ်ထောင်စုလူဦးရေစာရင်းအား လက်ရှိအခြေအနေ ကိုက်ညီမှန်ကန်ရေး မြေပြင်နှင့်တိုက်ဆိုင်စစ်ဆေးခြင်းနှင့် အိမ်ထောင်စုအလွတ်ဖြင့် ကောက်ယူခြင်း သင်တန်းပို့ချ

ယခင်ကောက်ယူထားသည့် eID အိမ်ထောင်စုလူဦးရေစာရင်းအား လက်ရှိအခြေအနေ ကိုက်ညီမှန်ကန်ရေး မြေပြင်နှင့်တိုက်ဆိုင်စစ်ဆေးခြင်းနှင့် အိမ်ထောင်စုအလွတ်ဖြင့် ကောက်ယူခြင်း သင်တန်းပို့ချခြင်းကို ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့ ၊ မြို့နယ်ခန်းမ၌ ပြုလုပ်ခဲ့သည်။

ရမည်းသင်းမြို့နယ်လုံးဆိုင်ရာ အကြိမ်(၃၀)မြောက် ပရိယတ္တိသာသနာနုဂ္ဂဟစာမေးပွဲ ပထမနေ့ဖြေဆို

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ် ဩဝါဒါစရိယဆရာတော်ကြီးများ ကြီးမှူးကျင်းပသည့် ၂၀၂၅ ခုနှစ်၊ ရမည်းသင်းမြို့နယ်လုံးဆိုင်ရာ အကြိမ် (၃၀) မြောက်  ပရိယတ္တိသာသနာနုဂ္ဂဟစာမေးပွဲ  ဒုတိယနေ့ကို ဖေဖော်ဝါရီ  ၃ ရက် မွန်းတည့် ၁၂ နာရီက ရမည်းသင်းမြို့ သာသနာ့ဂုဏ်ရောင်ဓမ္မဗိမ္မာန်တော်ကြီးတွင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ဘိုကလေးမြို့နယ်တွင် မီးဘေးလုံခြုံရေး အသိပညာပေးဟောပြော၍ ဇာတ်တိုက်လေ့ကျင့်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်ရှိ ဗမာပြည်သားဆန်စက်တွင် ယနေ့နံနက်(၉)နာရီအချိန်၌ မြို့နယ်မီးသတ်တပ်ဖွဲ့က မီးဘေးလုံခြုံရေးအတွက် အသိပညာပေး ဟောပြောခြင်း၊ အသိပညာပေး လက်ကမ်းစာစောင်များ ဝေငှခြင်း၊  ဇာတ်တိုက်လေ့ကျင့်မှုနှင့်အတူ သရုပ်ပြဆောင်ရွက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။

ကလောမြို့နယ်၌ တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ အောင်ပန်းမြို့ အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်း၌ ယမန်နေ့ နံနက် ၉ နာရီက တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပခဲ့ရာ ကလောခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ပညာရေးမှူးများ၊ ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများနှင့်‌ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဘားအံစက်မှုဇုန်၌ သစ်ပါးလွှာ စက်ရုံဖွင့်လှစ်

(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ကံကောင်းခြင်းရတနာ ထုတ်လုပ်မှုလုပ်ငန်းကုမ္ပဏီ၏ သစ်ပါးလွှာစက်ရုံဖွင့်ပွဲကို ယနေ့နံနက် ၇ နာရီခွဲက ဘားအံစက်မှုဇုန်ရှိ အဆိုပါသစ်ပါးလွှာစက်ရုံ၌ ကျင်းပခဲ့သည်။

ရတနာပုံတက္ကသိုလ်၌   အဆင့်မြင့်ပညာအဆင့် လူရည်ချွန်ရွေးချယ်ရေး ပထမအဆင့် ရေးဖြေစာမေးပွဲ ကျင်းပ

အမရပူရမြို့နယ်ရှိပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာ၊ ရတနာပုံတက္ကသိုလ်တွင် ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီး ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ပထမနှစ် နေ့သင်တန်းတွင် တက်ရောက်လျက်ရှိသော ကျောင်းသား၊ ကျောင်းသူများအား အဆင့်မြင့်ပညာအဆင့် လူရည်ချွန်ရွေးချယ်ရေး ပထမအဆင့် ရေးဖြေစာမေးပွဲကို ယနေ့ နံနက် ၉ နာရီက အဆိုပါတက္ကသိုလ်ရှိ အဆောင်-၃၁ ၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to