အမှတ်(၄)အခြေခံပညာမူလတန်းကျောင်း ပြည်ထောင်စုနေ့ အကြို ဟောပြောပွဲ ကျင်းပ

ရှမ်းပြည်နယ်၊ တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်ထောင်စုနေ့အကြို ဟောပြောပွဲကို ယနေ့ နံနက်ပိုင်းက အမှတ်(၄)အခြေခံပညာမူလတန်းကျောင်း၌ ကျင်းပခဲ့သည်။

မိုင်းပျဉ်းမြို့တွင် ၂၀၂၅−၂၀၂၆ ဘဏ္ဍာရေးနှစ် အရပ်ရပ်အခွင့်အရေးလိုင်စင်နှင့် သားသတ်လိုင်စင် စျေးပြိုင်စနစ်ဖြင့် လေလံတင်ရောင်းချပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၊ မြို့နယ်စည်ပင်သာယာရေးဌာနမှ ၂၀၂၅−၂၀၂၆ ဘဏ္ဍာရေးနှစ် အရပ်ရပ်အခွင့်အရေးလိုင်စင်နှင့် သားသတ်လိုင်စင်စျေးပြိုင်စနစ်ဖြင့် လေလံတင်ရောင်းချပွဲကို အဆိုပါ ရုံးအစည်းအဝေးခန်းမ၌ ယနေ့နံနက် ၁၀ နာရီက ကျင်းပခဲ့ကြောင်း သိရှိရသည်။

နတ်မောက်မြို့၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် မြို့နယ်အဆင့် ဉာဏပြိုင်ပွဲများ ကျင်းပ

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍  (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် မြို့နယ်အဆင့် ဉာဏပြိုင်ပွဲများကို ယမန်နေ့ နံနက် (၁၀) နာရီအချိန်က လူထုအခြေပြုဗဟိုဌာန(Community Centre ) ဘက်စုံသုံးခန်းမ၌ ကျင်းပသည်။

ရေနံချောင်းမြို့နယ်၌ အသက် (၂) နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံ

မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၌ မွေးကင်းစမှ အသက် (၂) နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းကို လစဉ်လဆန်းတစ်ရက်‌နေ့မှစတင်၍ မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနနှင့် ကျေးလက်ကျန်းမာရေးဌာနများ၌ တစ်ပြိုင်နက်ထိုးနှံပေးလျက်ရှိရာ ရွာသစ်ရပ်ကွက်ရှိ မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာ၌ ယနေ့နံနက်ပိုင်းက ဆက်လက်ထိုးနှံပေးလျက်ရှိသည်။

မိုးနဲမြို့နယ်၌ (၇၈)နှစ်‌မြောက် ပြည်ထောင်စုနေ့အကြို ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုသောအားဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ် ကုန်းလွန်းကျေးရွာအုပ်စု၊ လွိုင်ချိုကျေးရွာရှိ အမှတ်(၁၁) အခြေခံပညာမူလတန်းကျောင်း၌ ယမန်နေ့ နံနက် (၉) နာရီအချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဟောပြောပွဲနှင့်နံရံကပ်စာစောင်ပြပွဲကို ကွင်းဆင်း‌ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဟိုပုံးမြို့နယ်၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အောင်သာယာစာကြည့်တိုက်နှင့် လင်းရောင်ခြည်စာကြည့်တိုက် အဆောက်အဦသစ် ဖွင့်လှစ်ပွဲအခမ်းအနားသို့ တက်ရောက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပေါင်လင်းကျေးရွာအုပ်စု၊ ဒုံမေးခိုးကျေးရွာရှိ အောင်သာယာစာကြည့်တိုက်နှင့် စငေါကျေးရွာအုပ်စု၊ စအွန်ကျေးရွာရှိ လင်းရောင်ခြည် စာကြည့်တိုက်ဖွင့်လှစ်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါကျေးရွာရှိ စာကြည့်တိုက်တွင် ကျင်းပပြုလုပ်သည်။

ဥတ္တရသီရိမြို့နယ် သံဃနာယကအဖွဲ့ဝင် ဆရာတော်များ အနားယူခြင်းနှင့် အစားထိုး ရွေးချယ်ခြင်းဆိုင်ရာ မြို့နယ်သံဃာ့ဝန်ဆောင် အစည်းအဝေးကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ် သံဃနာယကအဖွဲ့ဝင် ဆရာတော်များ အနားယူခြင်းနှင့် အစားထိုးရွေးချယ်ခြင်းဆိုင်ရာ မြို့နယ်သံဃာ့ဝန်ဆောင် အစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက မင်းကုန်းကျေးရွာအုပ်စု၊ ကျွဲရှင်းကျေးရွာ၊ မဏိဇောတိကကျွဲရှင်း ကျောင်းတိုက်တွင် ကျင်းပရာ ဦးဆောင်ကွပ်ကဲရေးအဖွဲ့ဖြစ်သော နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ဝင် ဆရာတော်ကြီးနှင့် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်ကြီးများ၊ ကြီးကြပ်ရေးအဖွဲ့ ဆရာတော်ကြီးများ၊ မြို့နယ်သံဃနာယကအဖွဲ့ဝင် ဆရာတော်များ၊ မြို့နယ်သံဃာ့ဝန်ဆောင် ဆရာ​တော်များ၊ နေပြည်တော် သာသနာရေးမှူးရုံးမှ ဒုတိယညွှန်ကြား‌ရေးမှူး ဦးသက်နိုင်ဝင်း၊ ခရိုင်သာသနာရေးမှူး ဦးနိုင်လင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြတ်သိန်း၊ အဖွဲ့ဝင်(၂) ဦးမျိုးချစ်၊ မြို့နယ်သာသနာရေးမှူး ဒေါ်သွယ်သွယ်ခိုင်နှင့် တာဝန်ရှိသူများ၊ အလှူရှင်များ တက်ရောက်ခဲ့ကြသည်။

ပျဉ်းမနားမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ အမှတ်-၄ အခြေခံပညာအထက်တန်းကျောင်း၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနပျဉ်းမနားမြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးသန်းထွန်းအောင်နှင့် ဝန်ထမ်းများက “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ယနေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့သစ်မြို့နယ်၌ စာဖတ်ရှိန်မြင့်တင်ရေး နယ်လည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြိူ့သစ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နယ်လှည့်စာကြည့်တိုက်နှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့ နေ့လယ်ပိုင်းက မြို့သစ်မြို့နယ်၊ သီးပင်ကျးရွာ အခြခံပညာမူလတန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

တန့်ယန်းမြို့နယ်တွင် KG - ကျောင်းသား၊ ကျောင်းသူများအား အာဟာရဖွံ့ဖြိုးရေးအတွက် စားသောက်ဖွယ်ရာများကျွေးမွေးခြင်း ဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းကျန်းမာရေးနှင့် အာဟာရဌာနခွဲ၏ KG - ကျောင်းသား၊ ကျောင်းသူများအား အာဟာရဖွံ့ဖြိုးနိုင်စေရေးအတွက် စားသောက်ဖွယ်ရာများ ကျွေးမွေးပြုစုခြင်းကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြသည်။
Subscribe to