နတ်မောက် ဖေဖော်ဝါရီ ၄
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ၊ မြို့မဈေးကော်မတီဥက္ကဋ္ဌတို့၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ဈေးတာဝန်ခံနှင့် အဖွဲ့ဝန်ထမ်းများက ပွင့်လင်းရာသီရောက်ရှိ လာပြီဖြစ်သည့်အတွက် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး နှိုးဆော်မှုများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိသည်။
မြို့မစည်ပင်သာယာရေးဈေးကြီး အတွင်း/အပြင်ရှိ ဆိုင်ခန်းရှင်များနှင့် ဈေးရောင်း/ဈေးဝယ်ပြည်သူများအား ယခုအချိန်သည် ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီဖြစ်သဖြင့် ပြည်သူများ မီးဘေးအန္တရာယ်ကင်းဝေးနိုင်စေရေးအတွက် မီးဘေးဆိုင်ရာညွှန်ကြားချက်များကို ကျယ်ကျယ်ပြန့်ပြန့် သိရှိကာကွယ်နိုင်ရန် အသိပေးနှိုးဆော်ခြင်းနှင့် မီးလောင်မှုဖြစ်ပွားပါက မြို့နယ်မီးသတ်ဦးစီးဌာနသို့ ချက်ချင်းအကြောင်းကြားကြရန် စသည်တို့အား အသိပေးနှိုးဆော်ခဲ့ကြကြောင်း သိရသည်။
မူမူစန်း