ပလောက်မြို့ လူထုအခြေပြုဗဟိုဌာန၌ (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲ ပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့တွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြိုအဖြစ် အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နေ့လယ် (၁၂) နာရီအချိန်က မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အိမ်မဲမြို့နယ်(အ.ထ.က) ရွာသစ်ကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်း ဆွေးနွေးပွဲကျင်းပ

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား/ သူလူငယ်များ ဗလငါးတန်နှင့်ပြည့်စုံပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲ ကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က အိမ်မဲမြို့နယ် ရွာသစ်ကျေးရွာ (အ.ထ.က) ရွာသစ်ကျောင်း၌ ကျင်းပခဲ့သည်။

ဟင်္သာတမြို့နယ်တွင် ၂၀၂၅ ခုနှစ် စဉ်ဆက်ပညာရေးလုပ်ငန်း မြို့နယ်အဆင့် ဆင့်ပွားသင်တန်းဖွင့်လှစ်

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့ အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်း အမျိုးသားခန်းမ၌ ယမန်နေ့နံနက် ၉ နာရီက ၂၀၂၅ ခုနှစ်၊ စဉ်ဆက်ပညာရေးလုပ်ငန်း မြို့နယ်အဆင့် ဆင့်ပွားသင်တန်း ဖွင့်ပွဲအခမ်းအနား ပြုလုပ်ခဲ့သည်။

ကြံခင်းမြို့၌ စဉ်ဆက်ပညာရေး (မြို့နယ်ဆင့်) ဆင့်ပွားသင်တန်း ဖွင့်ပွဲအခမ်းအနားပြုလုပ်

ဧရာဝတီတိုင်း​​ဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၊ အ.ထ.က(၁) အောင်ကျော်ခန်းမ၌ စာဖတ်ဝိုင်းများမှတဆင့် စာဖတ်ရှိန်မြှင့်မားရေး၊ ဝင်ငွေတိုးရေးနှင့် ဘဝသာယာရေးအတွက် ယမန်နေ့နံနက် (၉) နာရီက စဉ်ဆက်ပညာရေး(မြို့နယ်ဆင့်) ဆင့်ပွားသင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်ပညာရေးမှူး၊ ဌာနဆိုင်ရာများ၊ ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများနှင့် သင်တန်းသားများ တက်‌ရောက်ကြသည်။

အခြေခံပညာအထက်တန်းကျောင်းများတွင် မီးဘေးလုံခြုံရေး အသိပညာပေးစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရန်နှင့် မီးလောင်ဆုံးရှုံးမှု လျော့နည်းစေရန်ရည်ရွယ်ပြီး ယမန်နေ့နံနက် ၁၀ နာရီတွင် အခြေခံပညာအထက်တန်းကျောင်းများတွင် မီးဘေးလုံခြုံရေး အသိပညာပေး စစ်ဆေးခဲ့ကြသည်။

ဖျာပုံမြို့နယ်တွင် စဉ်ဆက်ပညာရေးလုပ်ငန်း မြို့နယ်အဆင့် ဆင့်ပွားသင်တန်းဖွင့်လှစ်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏လမ်းညွှန်မှုဖြင့် အခြေခံပညာဦးစီးဌာနမှ ဦးဆောင်ကျင်းပသော မြို့နယ်အတွင်းရှိ ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများအတွက် စဉ်ဆက်ပညာရေးလုပ်ငန်း မြို့နယ်အဆင့် ဆင့်ပွားသင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် (၉)နာရီအချိန်က အ.ထ.က(၁) ကျောင်းရာပြည့်ခန်းမ၌ ကျင်းပပြုလုပ်သည်။

မြစ်သားမြို့နယ်တွင် ဌာနဆိုင်ရာဝန်ထမ်းများအား စားအုန်းဆီ ၁ ပိဿာလျှင် (၈၃၇၅/-) ကျပ်နှုန်းဖြင့် ဈေးနှုန်းချိုသာစွာရောင်းချပေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မြန်မာနိုင်ငံ ဆီကုန်သည်ဆီလုပ်ငန်းရှင်များအသင်းနှင့် ခရိုင်စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ မြစ်သားမြို့နယ်ရှိ ဌာနဆိုင်ရာ ဝန်ထမ်းများအား  ဈေးနှုန်းချိုသာစွာ စားသုံးနိုင်ရန်အတွက် မြို့နယ်ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့တို့က ကြီးကြပ်၍ စားအုန်းဆီ (၁) ပိဿာလျှင် (၈၃၇၅/-) ကျပ်နှုန်းဖြင့် ရှမ်းပွဲရပ်ကွက်ရှိ ဒေါ်ဇာဇာ ကုန်ဆုံဆိုင်ရှေ့တွင် ယမန်နေ့မွန်းလွဲ (၁၂) မှညနေ (၃) နာရီအချိန်ထိ ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခိုလမ်မြို့၊ အ.မ.က(ခလရ-၆၆)ကျောင်းတွင် Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်းပေးခြင်း ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများသည် Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို ယနေ့နံနက် (၁၁)နာရီအချိန်က အခြေခံပညာမူလတန်းကျောင်း(ခလရ-၆၆)ကျောင်းတွင် ဆောင်ရွက်ခဲ့ပါသည်။

ပေါင်းတည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ အကြိုဟောပြောပွဲ ပုံပြောပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲများ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့ နံနက် ၉ နာရီခွဲက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အ​ခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ အကြိုဟောပြောပွဲ၊ ပုံပြောပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲများ ကျင်းပပြုလုပ်သည်။

မြဝတီမြို့ အ.ထ.ကခွဲ (အောင်မြေရွှေဘုံ)၌ ပန်းခင်းစီမံချက် အဆင့်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲကျင်းပ

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက အခြေခံပညာအထက်တန်းကျောင်းခွဲ (အောင်မြေရွှေဘုံ)၌ ကျင်းပသည်။
Subscribe to