လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ ပြည်တွင်းထုတ် ဒီဇယ်ဆီများ ပွင့်ဖြူမြို့နယ်အတွင်းရှိ တောင်သူများထံသို့ အထူးသက်သာသောဈေးနှုန်းဖြင့် လုပ်ငန်းခွင်အရောက် တိုက်ရိုက်ဖြန့်ဖြူး ရောင်းချပေး

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့တို့နှင့် ပူးပေါင်း၍ ပြည်တွင်းထုတ် ဒီဇယ်ဆီများကို ပွင့်ဖြူမြို့နယ် အတွင်းရှိ တောင်သူများထံသို့ အထူးသက်သာသော ဈေးနှုန်းဖြင့် လုပ်ငန်းခွင်အရောက် တိုက်ရိုက်ဖြန့်ဖြူးရောင်းချပေးလျက်ရှိသည်။

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို မကွေးတိုင်းပြည်သူ့ဆေးရုံကြီးတွင် သက်ကြီး အဘိုး၊ အဘွားများအား အခမဲ့မျက်စိစမ်းသပ်ကုသ‌ပေးခြင်းနှင့် သွားတုအံကပ်တပ်ဆင်ပေးနေမှုအား ကြည့်ရှုအားပေး

မကွေးတိုင်းဒေသကြီးအတွင်းရှိ သက်ကြီးဘိုးဘွားများ၏ လူမှုစီးပွားဘဝနှင့်ကျန်းမာရေး ကဏ္ဍမြှင့်တင်နိုင်စေရန်ရည်ရွယ်၍ မကွေးတိုင်းပြည်သူ့ဆေးရုံကြီးတွင် အခမဲ့မျက်စိစမ်းသပ်ကုသပေးခြင်းနှင့် သွားတုအံကပ်များ အခမဲ့တပ်ဆင်ပေးနေမှုကို ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီးဝန်ကြီး ချုပ်ဦးတင်ကိုကို၊ တိုင်း‌ဒေသကြီးလွှတ်‌တော်ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်ဌေး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် အတူဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါကာ သက်ကြီး အဘိုး၊ အဘွားများအား အခမဲ့ မျက်စိကုသပေးခြင်းနှင့် သွားတုအံကပ်တပ်ဆင်ပေးနေမှုအား သွားရောက်ကြည့်ရှုအားပေးသည်။

ပဲခူးတိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီမှ လေဘေးသင့်ပြည်သူများအား ပံ့ပိုးကူညီ

ပဲခူးတိုင်း‌ဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ထောက်ပံ့သော လူမှုဂရုဏာဆိုင်ရာပစ္စည်းများအား တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီမှ လေဘေးသင့်ပြိုလဲနေအိမ်မိသားစုများအား ပံ့ပိုးကူညီပေးအပ်ခြင်းကို ယနေ့မွန်းလွဲပိုင်းက ပြုလုပ်ခဲ့သည်။

ညောင်ဦးမြို့နယ် ဖီးကြမ်းငှက်ပျောစိုက်တောင်သူများ ဈေးကောင်းရကာစိုက်ပျိုးတောင်သူများ တွက်ခြေကိုက်နေ

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် လက်ပံခြေပေါ်ကျေးရွာအုပ်စုကျေးရွာများမှ ဖီးကြမ်းငှက်ပျောစိုက်တောင်သူများ ဖီးကြမ်းငှက်ပျောထွက်သလောက် ရောင်းချနေရခြင်းကြောင့် ဖီးကြမ်းငှက်ပျောစိုက်ပျိုးသည့် ငှက်ပျောခြံစိုက်တောင်သူများပြားလာကြောင်း လက်ပံခြေပေါ်ကျေးရွာ ဖီးကြမ်းငှက်ပျောစိုက်ပျိုးတောင်သူ ဦးအောင်ဌေးထံက သိရသည်။

ဒေးဒရဲမြို့နယ်၊ ဘုရားကြီးကွက်သစ် (ဘီ) လမ်း မိသားစုများက (၆) ကြိမ်မြောက် နှစ်သစ်ဦး စတုဒီသာများ ကျွေးမွေးလှူဒါန်း

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ အမှတ်(၃) ရပ်ကွက်၊ ဘုရားကြီး ကွက်သစ် (ဘီ) လမ်း မိသားစုများက စုပေါင်း၍ (၆) ကြိမ်မြောက် နှစ်သစ်ဦး စုပေါင်းစတုဒိသာလှူဒါန်းပွဲကို ယမန်နေ့ ညနေ (၄) နာရီအချိန်ကစတင်၍ ကျွေးမွေးလှူဒါန်းခဲ့ကြောင်း သိရသည်။

ကြံခင်းမြို့နယ်၌ ၂၀၂၆ ခုနှစ်၊ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးအား “ဂုဏဝိသိဋ္ဌပူဇာ” ထပ်ဆင့်ဂုဏ်ပြုပူဇော်ပွဲ မင်္ဂလာအခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ ပိန္နဲကွင်းကျေးရွာတွင် ၂၀၂၆ ခုနှစ်၊ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးအား “ဂုဏဝိသိဋ္ဌပူဇာ” ထပ်ဆင့်ဂုဏ်ပြု ပူဇော်ပွဲမင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်းတိုက်အတွင်း၌ ကျင်းပခဲ့ရာ သက်တော်ရှည်ဆရာတော်ကြီးများနှင့် မြို့နယ်သံဃနာယကဆရာတော်ကြီးများ၊ ပင့်သံဃာတော် အရှင်သူမြတ်များ၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီခေတ္တဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊  မြို့နယ်အဆင့်ဌာန ဆိုင်ရာများ၊ ဒါယကာ၊ ဒါယိကာမများ တက်ရောက်ကြည်ညိုကြသည်။

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူ ရန်ကုန်မြို့ ကမ္ဘာအေးကုန်မြေ ဆဋ္ဌသင်္ဂါယနာ မဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီး ပုရိဝုဏ် စိမ်းလန်စိုပြည်သာယာလှပမှုရှိစေရေး လုပ်ငန်းများ ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ တိုင်းဒေသကြီးဝန်ကြီးများ၊ သာသနာရေးဦးစီးဌာန ညွှန့်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ ကမ္ဘာအေးကုန်မြေ ဆဋ္ဌသင်္ဂါယနာ မဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီး ပုရိဝုဏ် စိမ်းလန်စိုပြည်သာယာလှပမှုရှိစေရေး လုပ်ငန်းများ ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးကြသည်။

တောင်ကြီးမြို့ကျက်သရေဆောင် ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီး၌ ကျင်းပသည့် အသံမစဲ မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲကျင်းပ

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ ကျက်သရေဆောင်ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီးတွင် ရှမ်းပြည်နယ်အစိုးရ အဖွဲ့ကကြီးမှူး၍ ၇ ရက်တိုင်တိုင်ကျင်းပခဲ့သည့် အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲအောင်မြင်ပြီးမြောက်ခြင်း ပဋ္ဌာန်းသိမ်းအောင်ပွဲကို ဧပြီ  ၁၉ နံနက် (၆)နာရီခွဲက အဆိုပါစေတီတော်မြတ်ကြီး ပရိဝုဏ်ရှိ ဓမ္မာရုံ၌ကျင်းပသည်။

တာချီလိတ်မြို့၌ မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်များ၊ ဆိုင်းဘုတ်များနှင့် အုတ်တံတိုင်းများ ပြိုကျပျက်စီး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ ဧပြီ ၁၈ ရက် ည ၇ နာရီ ၁၅ မိနစ်အချိန်ခန့်က မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်များ၊ ဆိုင်းဘုတ်များနှင့် အုတ်တံတိုင်းများ ပြိုကျပျက်စီးကာ လျှပ်စစ်ဓာတ်အားလိုင်များ ယာယီပြတ်တောက်ခဲ့သည်။
Subscribe to