ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူ ရန်ကုန်မြို့ ကမ္ဘာအေးကုန်မြေ ဆဋ္ဌသင်္ဂါယနာ မဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီး ပုရိဝုဏ် စိမ်းလန်စိုပြည်သာယာလှပမှုရှိစေရေး လုပ်ငန်းများ ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေး

ရန်ကုန် ဧပြီ ၁၉

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ တိုင်းဒေသကြီးဝန်ကြီးများ၊ သာသနာရေးဦးစီးဌာန ညွှန့်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ ကမ္ဘာအေးကုန်မြေ ဆဋ္ဌသင်္ဂါယနာ မဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီး ပုရိဝုဏ် စိမ်းလန်စိုပြည်သာယာလှပမှုရှိစေရေး လုပ်ငန်းများ ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးကြသည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့် အဖွဲ့သည် လိုဏ်ဂူသိမ်တော်ကြီး ပုရိဝုဏ် စိမ်းလန်စိုပြည် သာယာလှပမှုရှိစေရေးအတွက် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ဝန်ထမ်းများက သစ်ပင်၊ သစ်ကိုင်း၊ ခြုံနွယ်များ ရှင်းလင်းဆောင်ရွက်နေမှု၊ လျှပ်စစ်မီးတိုင်ဟောင်းများနှင့် ဆက်သွယ်ရေးကြိုးများ အသစ်လဲလှယ်ဆောင်ရွက်နေမှု၊ သာသနိကအဆောက်အအုံများ ပြန်လည်မွန်းမံ ဆောင်ရွက်နေမှုအခြေအနေများကို လှည့်လည်ကြည်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းအခြေအနေများကို ရှင်းလင်းပြကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ရှင်းလင်းတင်ပြချက်များနှင့် စပ်လျဥ်း၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့်အဖွဲ့သည် သာသနာရေးဦးစီးဌာန၊ ပုံနှိပ်တိုက်အဆောက်အအုံပြုပြင်ဆောင်ရွက်နေမှုနှင့် စက်ခန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးကြသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့် အဖွဲ့သည် သာသနာတော်ထွန်းကား ပြန့်ပွားရေးဦးစီးဌာန၊ ပိဋကတ်တိုက်အဝင်လမ်းအား ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ကတ္တရာထပ်ပိုးလွှာခင်းကျင်းနေမှုနှင့် ဘဲဥပုံသဏ္ဍန်ကန်​တော်သန်းရှင်းရေး ဆောင်ရွက်နေမှု အခြေအနေများကို ကြည်ရှုစစ်ဆေးကြသည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့်အဖွဲ့သည် ပိဋကတ်တိုက်အတွင်း ဗုဒ္ဓယဉ်ကျေးမှုပြတိုက်၊ သုတေသနစာကြည့်တိုက်နှင့် ခန်းမများ၊ အပရဂေါယာန ကျောင်းဆောင်၊ သုံးထပ်ဆွမ်းစားဆောင်၊ ဗုဒ္ဓသာသနာ့သံဃာဆေးရုံ၊ သီရိမင်္ဂလာငါးကန်၊ မဟာသိမ်တော်ကြီးနှင့် စသည့် နေရာများတွင် လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လုပ်ငန်းများအား အမြန်ဆုံး စနစ်တကျအန္တရာယ်ကင်းစွာ ရှင်းလင်းဆောင်ရွက်ရန်၊ ဆက်သွယ်ရေးကြိုးများအား စနစ်တကျတပ်ဆင် ရှင်းလင်းဆောင်ရွက်ရန်နှင့် သန့်ရှင်းသာယာသပ်ရပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် စသည်တို့ကို မှာကြားခဲ့ကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)