ဒေးဒရဲမြို့နယ်၊ ဘုရားကြီးကွက်သစ် (ဘီ) လမ်း မိသားစုများက (၆) ကြိမ်မြောက် နှစ်သစ်ဦး စတုဒီသာများ ကျွေးမွေးလှူဒါန်း

ဒေးဒရဲ ဧပြီ ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ အမှတ်(၃) ရပ်ကွက်၊ ဘုရားကြီး ကွက်သစ် (ဘီ) လမ်း မိသားစုများက စုပေါင်း၍ (၆) ကြိမ်မြောက် နှစ်သစ်ဦး စုပေါင်းစတုဒိသာလှူဒါန်းပွဲကို ယမန်နေ့ ညနေ (၄) နာရီအချိန်ကစတင်၍ ကျွေးမွေးလှူဒါန်းခဲ့ကြောင်း သိရသည်။

အဆိုပါ နှစ်သစ်ဦးစတုဒိသာလှူဒါန်းပွဲကို အလှူရှင် (၃၇) ဦးက ထမင်းနှင့် ဟင်းများ၊ ပေါင်မုန့်အုန်းနို့ဆမ်း၊ ရွှေရင်အေး၊ မုန့်ဟင်းခါး၊ ကြာဇံချက်၊ အုန်းနို့ခေါက်ဆွဲ၊ ခေါက်ဆွဲကြော်၊ ကြာဇံကြော်၊ ရေခဲမုန့်နှင့် အအေးများကို ဘုရားကြီးကွက်သစ် (ဘီ) လမ်းတစ်လျှောက်တွင် ကျွေးမွေးလှူဒါန်းခဲ့ရာ လာရောက်စားသုံးသူပြည်သူများနှင့် စည်ကားခဲ့ကြောင်း သိရသည်။

အေဇာလင်း