(၆၁)နှစ်ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကသာခရိုင်ရဲတပ်ဖွဲ့မှ စုပေါင်းသွေးလှူဒါန်းပွဲပြုလုပ်
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် (၆၁) နှစ်ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကသာခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ စုပေါင်းသွေးလှူဒါန်းပွဲကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က ခရိုင်ပြည်သူ့ဆေးရုံဝင်းအတွင်းရှိ တိုးချဲ့နှစ်ထပ်ဆောင်၌ ပြုလုပ်ဆောင်ရွက်ခဲ့သည်။