ကျောက်ဆည်မြို့နယ် တိုက်နယ်(၃)၌ ငရုတ်သီးနှံ ၃၀ ဧက စိုက်ပျိုးပြီးဖြစ်
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၌ တိုက်နယ်(၁၂)ခုရှိပြီး နယ်မြေဒေသအလိုက် ငရုတ်သီးနှံများ စိုက်ပျိုးလျက်ရှိရာ တိုက်နယ်(၃)အတွင်းရှိ ကျေးရွာအုပ်စုများတွင် ငရုတ်သီးနှံ ၃၀ ဧက စိုက်ပျိုးပြီးကြောင်း မြို့နယ်မြေစာရင်းဦးစီးဌာနမှ သိရသည်။