မှုခင်းကျဆင်းရေးအသိပညာပေးဟောပြောပွဲပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကိုကိုးကျွန်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့နံနက်(၁၀)နာရီအချိန်တွင် ကိုကိုးကျွန်း မြို့နယ် အ-ထ-က ခန်းမ၌မှုခင်းကျဆင်းရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်ကျင်းပခဲ့ကြောင်းသိရသည်။

တာလေမြို့၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ဉာဏ်စမ်းပြိုင်ပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ကျောင်းသား၊ ကျောင်းသူ၊ လူငယ်၊ လူရွယ်များ ဉာဏ်ရည်၊ ဉာဏ်သွေးထက်မြက်စေရန်နှင့် အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်ရည်ရွယ်၍ ယနေ့နံနက် ၁၁ နာရီအချိန်က အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ဉာဏ်စမ်းပြိုင်ပွဲကျင်းပ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

ဆိပ်ကြီးခနောင်တိုမြို့နယ်၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြော

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ အခြေခံပညာအထက်တန်းကျောင်းသားများအား လူကုန်ကူးမှုနှင့်ပတ်သက်၍ ဗဟုသုတရရှိစေရန်ရည်ရွယ်၍ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုခန်းမတွင် ပြုလုပ်သည်။

ခရမ်းမြို့နယ်၌ ၂၀၂၅ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးရကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉) နာရီအချိန်က အ.ထ.က (၁) စိန်ရတုခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

သာကေတမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ စာပေမှဗဟုသုတများစွာရရှိစေရန်၊ စာအုပ်စာပေများကို လက်ဝယ်အရောက် အလွယ်တကူဖတ်ရှုလေ့လာနိုင်စေရန်နှင့် စာပေကိုပိုမိုမြတ် နိုးတန်ဖိုးထားတတ်စေရန်ရည်ရွယ်၍ ဗဟုသုတရရှိစေမည့် သုတ၊ ရသစာအုပ်၊ စာစောင်များအား ကျောင်းသား၊ ကျောင်းသူများလက်ဝယ်အရောက် ငှားရမ်းပေးခြင်း၊ စာဖတ်ခြင်းအကျိုး အသိပညာပေးဟောပြောခြင်း၊ ကလေးအလုပ်သမားအသိပညာပေးနံရံကပ်စာစောင်ပြသခြင်းကိုပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ သာကေတမြို့နယ်ရုံးမှ ဝန်ထမ်းများက ယနေ့နံနက် (၁၀) နာရီအချိန်က သာကေတမြို့နယ်အမှတ် (၅) အခြေခံပညာမူလတန်းကျောင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ပေါင်းတည်၌ ပြည်သူလူထုအတွင်း ကင်ဆာရောဂါ အသိပညာမြှင့်တင်ရေးလှုပ်ရှားမှုများ ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး ပေါင်းတည်မြို့နယ်၌ ပြည်သူလူထုအတွင်း ကင်ဆာရောဂါအသိပညာမြှင့်တင်ရေး လှုပ်ရှားဆောင်ရွက်မှုလုပ်ငန်းများကို ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၏ လမ်းညွှန်ချက်အရ ပေါင်းတည်မြို့နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန်းသန်းချစ်ဦးဆောင်၍ ပြည်သူလူထုအတွင်း ကင်ဆာရောဂါ အသိပညာမြှင့်တင်ရေးလှုပ်ရှားမှုများကို စက်တင်ဘာလ ၁ ရက်မှ‌ စက်တင်ဘာ ၁၅ ရက်အထိ ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင် စစ်ကိုင်း-မန္တလေးဇက်ကူးတို့ဆိပ် ကူးသန်းသွားလာနေမှုများအား ကြည့်ရှုစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးခင်ဇော်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် စစ်ကိုင်း-မန္တလေး ဇက်ကူးတို့ဆိပ်တွင် ကူးသန်းသွားလားလျက်ရှိသော ကုန်တင်ယာဉ်ကြီးများ၊ ဆီသယ်ယာဉ်များ အဆင်ပြေစွာ ဖြတ်သန်သွားလာနိုင်ရေး သယ်ယူပို့ဆောင်ပေးနေမှုများ၊ အသစ်ပြောင်းလဲပြင်ဆင်ထားသည့်ဈေးနှုန်းများအတိုင်း ကောက်ခံမှုရှိ/မရှိနှင့် ဇက်ကူးတို့များကမ်းကပ်သည့်နေရာ စစ်ကိုင်းဘက်ကမ်းနှင့် မန္တလေးဘက်ကမ်းတို့အား လိုက်လံကြည့်ရှုစစ်ဆေးပြီး တာဝန်ယူဆောင်ရွက်နေသည့်အဖွဲ့များနှင့်တွေ့ဆုံ၍ လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ကသာမြို့တွင် မိုးစပါးပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် စုပေါင်းမြေဩဇာကြဲပက်ပွဲ အခမ်းအနားပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် မိုးစပါးပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် စုပေါင်းမြေသြဇာကြဲပက်ပွဲနှင့် သရုပ်ပြပွဲအခမ်းအနားကို ကျန်တောကျေးရွာနှင့် အမှတ်(၃၀၉) ခြေမြန်တပ်ရင်းအနီး ဦးပိုင်အမှတ်(၁)၊ ကွင်းအမှတ် (၇၁၅)ရှိ တောင်သူ ဦးထွန်းမြင့် စိုက်ပျိုးထားသော အောင်နိုင်တိုးစပါးခင်းအတွင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကမာရွတ်မြို့နယ် ရန်ကုန်တက္ကသိုလ်(ဝိဇ္ဇာခန်းမ)၌ မြန်မာအီလက်ထရောနစ်မဲ​ပေးစက် (MEVM) ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း ဆောင်ရွက်

ရန်ကုန်ဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်၌ ဒေသခံမဲဆန္ဒရှင်ပြည်သူများ ပူးပေါင်းပါဝင်မှုဖြင့် မြန်မာ့အီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက အမှတ် (၉) ရပ်ကွက်၊ ရန်ကုန်တက္ကသ်ုလ်(ဝိဇ္ဇာခန်းမ)၌ ကျင်းပခဲ့သည်။

ခိုလမ်မြို့၊ အမှတ်(၉) စစ်မြေပြင်ဆေးတပ်ရင်း နယ်လှည့်ဆေးကုသရေးအဖွဲ့က ကျန်းမာရေးစစ်ဆေးပေးနေမှုကို အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်း ကြည့်ရှုအားပေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၊ နောင်ခမ်း(၁၉မိုင်)ရွာရှိ အခြေခံပညာမူလတန်းကျောင်းတွင် ယနေ့နံနက်(၁၁)နာရီအချိန်က ဒေသခံတိုင်းရင်းသား ပြည်သူများနှင့် ကျောင်းသား/သူများအား အမှတ်(၉) စစ်မြေပြင်ဆေးတပ်ရင်း နယ်လှည့်ဆေးကုသရေးအဖွဲ့က ကျန်းမာရေးစစ်ဆေးပေးနေမှုကို အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်းက ကြည့်ရှုအားပေးခဲ့သည်။
Subscribe to