ပဲခူးတိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီမှ လေဘေးသင့်ပြည်သူများအား ပံ့ပိုးကူညီ

ကြို့ပင်ကောက် ဧပြီ ၁၉

ပဲခူးတိုင်း‌ဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ထောက်ပံ့သော လူမှုဂရုဏာဆိုင်ရာပစ္စည်းများအား တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီမှ လေဘေးသင့်ပြိုလဲနေအိမ်မိသားစုများအား ပံ့ပိုးကူညီပေးအပ်ခြင်းကို ယနေ့မွန်းလွဲပိုင်းက ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ တိုင်ဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီဒုဥက္ကဋ္ဌ ဦးစိုးဝင်းသန်းက ဘေးဒုက္ခခံစားနရသူများအား ကူညီရန်ဆိုသောအချက်နှင့်အညီ လေဘေးသင့်အိမ်ပြိုလဲ မိသားစုများအား လာရောက်ကူညီရခြင်းဖြစ်ကြောင်း ဆုံးရှုံးမှုတန်ဘိုးနှင့် နှိုင်းယှဉ်ပါက နည်းပါးသည်ဆိုသော်လည်း ကြိုးစားဖြည့်ဆည်းကူညီပေးရခြင်းဖြစ်ကြောင်း ပြောကြားပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ‌‌‌‌‌‌‌‌‌‌ဦးအောင်ဇော်မင်း၊ တိုင်းကြက်ခြေနီကြီးကြပ်မှုကော်မတီဒုဥက္ကဋ္ဌနှင့် တာဝန်ရှိသူတို့မှ လေ‌ဘေးသင့် ပြိုလဲအိမ်ထောင်စုများအား မိသားစုသုံးပစ္စည်းများကို လက်ရောက်ပေးအပ်ခဲ့ကြသည်။

ဧပြီလ ၁၇ ရက်နေက လေဘေးဒဏ်ခံစားရပြီး အိမ်ပြိုလဲခဲ့သော မိသားစု ၅၇ စုအတွက် အိမ်ထောင်စုတစ်စုလျှင် တာပေါ်လင်တစ်စ၊ စောင်တစ်ထည်၊ အမျိုးသမီးသုံးပစ္စည်း Dignity kit တစ်အိတ်၊ အမျိုးသားသုံးပစ္စည်း Individual Hygiene kit တစ်အိတ်တန်ဘိုး ငွေကျပ် နှစ်သိန်းနှစ်သောင်းအား ပံ့ပိုးကူညီပေးအပ်ခဲ့ကြောင်း သိရသည်။

ဇေယျာထွန်း (ကြို့ပင်ကောက်)