ပိုင်ကျုံမြို့၌ မဲဆန္ဒရှင်ပြည်သူများအား မဲပေးစက်ဆိုင်ရာ အသိပညာပေးသရုပ်ပြ
ကရင်ပြည်နယ် ဘားအံခရိုင် ပိုင်ကျုံမြို့၌ မဲဆန္ဒရှင်များအားမြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)ဆိုင်ရာအသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ် ဆန္ဒမဲပေးခြင်းသရုပ်ပြပွဲကို စက်တင်ဘာ ၁၅ ရက် နံနက် ၁၁ နာရီတွင် ပိုင်ကျုံမြို့ ကစိုကျေးရွာအုပ်စု ဝငါးကမော့ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပသည်။