‎မဟာအောင်မြေမြို့နယ်၌ မီးဘေးကြိုတင်ကာကွယ်နိုင်စေရန် ကွင်းဆင်းစစ်ဆေး‎

‎မန္တ‌လေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်ကွက်အတွင်းရှိ မီးဘေးလုံခြုံရေးစစ်ဆေးခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေခြင်း 191 report application အသုံးပြုခြင်း၊ ရှင်းပြပေးခြင်းများကို ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်‌ဆေး ဆောင်ရွက်သည်။

ရတနာပုံတက္ကသိုလ်၌ မူလတန်းပြ ဆရာ၊ ဆရာမများအတွက် အင်္ဂလိပ်စာအရည်အသွေးမြှင့်သင်တန်း (Main Course) သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပ

အမရပူရမြို့နယ်ရှိ ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ရတနာပုံတက္ကသိုလ်မှ ကြီးမှူး၍ အင်္ဂလိပ်စာဌာနမှ ဦးစီပြီး အမရပူရခရိုင်နှင့် မဟာအောင်မြေခရိုင်တို့မှ မူလတန်းပြ ဆရာ၊ ဆရာမများအတွက် အင်္ဂလိပ်စာအရည်အသွေးမြှင့်သင်တန်း (Main Course) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အဆိုပါရှိတက္ကသိုလ်ရှိ အားကစားခန်းမ-၂ ၌ ကျင်းပပြုလုပ်ရာ ပါမောက္ခချုပ် ဒေါက်တာတင့်မိုးသူဇာ၊ ဒုတိယပါမောက္ခချုပ်များဖြစ်ကြသည့် ဒေါက်တာသွယ်လင်းကို၊ ဒေါက်တာခင်မော်မော်စိုး၊ ဒေါက်တာဦးဝင်းနိုင်၊ အင်္ဂလိပ်စာဌာနမှ ပါမောက္ခ(ဌာနမှူး) ဒေါက်တာအိအိစိုးမင်းနှင့် သင်တန်းပို့ချပေးမည့် ဆရာ၊ ဆရာမများ၊ အမရပူရခရိုင်နှင့် မဟာအောင်မြေခရိုင်မှ ပညာရေးမှူးများ၊ မြို့နယ်ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများ၊ တာဝန်ရှိသူများနှင့် သင်တန်းသား ဆရာ၊ ဆရာမများ တက်ရောက်ကြသည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်မူလတန်းပြ ဆရာ၊ ဆရာမများအတွက် အင်္ဂလိပ်စာအရည်အသွေးမြှင့်သင်တန်း(Main Course)ဖွင့်ပွဲ တက်ရောက်

မူလတန်းပြ ဆရာ၊ ဆရာမများအတွက်အင်္ဂလိပ်စာအရည်အသွေးမြှင့်သင်တန်း (Main Course) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီ က တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ထားဝယ်တက္ကသိုလ် ဘက်စုံသုံးခန်းမ၌ကျင်းပရာ သင်တန်းသား၊သင်တန်းသူ ဆရာ၊ဆရာမများက ပညာရွှေခေတ်သီချင်းဖြင့်သီဆိုဖျော်ဖြေသည်။

ဥတ္တရသီရိမြို့နယ်၌ အပူဒဏ်ကာကွယ်ရေး အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်တွင် နွေရာသီကာလအတွင်း ကျရောက်လာနိုင်သည့် အပူဒဏ်အန္တရာယ်များမှ အများပြည်သူများကြိုတင်ကာကွယ်နိုင်ရန်ရည်ရွယ်၍ အသိပညာပေးခြင်းလုပ်ငန်းများကို သက်ဆိုင်ရာလမ်းညွှန်ချက်များနှင့်အညီဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ဥတ္တရသီရိမြို့နယ်၊ ချင်းရွာဓမ္မာရုံ၌ အပူဒဏ်ကာကွယ်ရေးအသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အုတ်တွင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ ပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့နှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းစာအပြင် ပြင်ပစာပေများဖတ်ရှုသည့် အလေ့အကျင့်များရရှိစေရေး၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရေးနှင့် အသိပညာဗဟုသုတများ ရရှိစေရေးအတွက် ယမန်နေ့နံနက် (၁၀)အချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ငွေတာရီမဂ္ဂဇင်း အမှတ်(၇၈၇)၊ ဖေဖော်ဝါရီလ၊ ၂၀၂၆ ခုနှစ်ထုတ်စာအုပ်ပါ ဆောင်းပါးရှင် ကိုရွှေသံ(မြန်မာစာ)ရေးသားသည့် “အလေ့အကျင့်ကောင်းတစ်ခု ပြုစုပျိုးထောင်ကြဖို့ရာ” ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်။

လားရှိုးမြို့တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ မူလတန်းပြ ဆရာ၊ ဆရာမများအတွက် အင်္ဂလိပ်စာ အရည်အသွေးမြှင့်သင်တန်း (Main Course) ဖွင့်ပွဲ အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ မူလတန်းပြ ဆရာ၊ ဆရာမများအတွက် အင်္ဂလိပ်စာအရည်အသွေးမြှင့်သင်တန်း (Main Course) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်းရှိ ငွေရတုခန်းမ၌ ကျင်းပသည်။

ပခုက္ကူတက္ကသိုလ်၌ အခြေခံပညာမူလတန်းပြဆရာဆရာမများအား အင်္ဂလိပ်စာအရည်အ‌သွေး တိုးတက်မှုမြှင့်တင်ရေး သင်တန်းဖွင့်လှစ်

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အဆင့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် အခြေခံပညာမူလတန်းပြဆရာဆရာမများအား အင်္ဂလိပ်စာအရည်အသွေး တိုးတက်မှုမြှင့်တင်ရေး (Main Course) သင်တန်းဖွင့်ကို ယနေ့နံနက် ၉ နာရီအချိန်က ပခုက္ကူတက္ကသိုလ်၊ ‌ကျွန်းရွှေဝါခန်းမ၌ ကျင်းပပြုလုပ်သည်။

တာလေမြို့တွင် အသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်များပြသ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် စာဖတ်ရှိန်မြင့်တင်ရေးလုပ်ငန်းများနှင့် အများပြည်သူများအသိဉာဏ်ပညာတိုးပွားရရှိစေရန် အသိပညာပြန့်ပွားရေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၁၀ နာရီအချိန်က အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ အသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲများကျင်းပ ပြုလုပ်ခဲ့ကြောင်းသိရသည်။

ကျိုင်းတုံမြို့၌ အာခါတိုင်းရင်းသားရိုးရာ ကြက်ဥနီပွဲတော် ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ အာခါတိုင်းရင်းသားရိုးရာ ကြက်ဥနီပွဲတော်ကို ယမန်နေ့က အမေ့ရင်ခွင်တော်တွင် ကျင်းပသည်။

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်နှင့် စလင်းမြို့နယ်တို့တွင် ယမန်နေ့ ညနေ ၅ နာရီ အချိန်ခန့်က မိုးသက်လေပြင်းတိုက်ခတ်မှုဖြစ်ပွားခဲ့သဖြင့် အဆိုပါမြို့နယ်များမှ လေဘေးသင့်ပြည်သူများ အဆင်ပြေစွာနေထိုင်နိုင်ရေးအတွက် အိမ်‌ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်က ပွင့်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမ၌ကျင်းပရာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို တက်ရောက်၍ အမှာစကားပြေားပြီး ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
Subscribe to