ပွင့်ဖြူမြို့နယ်တွင် ဆောင်းသီးနှံရာသီက စိုက်ပျိုးခဲ့သော ကုလားပဲဧကအားလုံး ရာနှုန်းပြည့် ရိတ်သိမ်းပြီးစီးပြီဖြစ်

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဆောင်းသီးနှံရာသီက စိုက်ပျိုးခဲ့သော ကုလားပဲဧကအားလုံး ရာနှုန်းပြည့် ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ပြည်တွင်းထုတ်ဒီဇယ်ဆီ တစ်ဂါလံလျှင် (၁)သောင်းကျပ်နှုန်းဖြင့် နတ်မောက်မြို့နယ်အတွင်းရှိ တောင်သူများထံ တိုက်ရိုက်ရောင်းချပေး

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မ​ကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့နှင့် ပူးပေါင်း၍ ပြည်တွင်းထုတ်ဒီဇယ်ဆီများကို နတ်မောက်မြို့နယ်အတွင်းရှိ တောင်သူများထံ အထူးသက်သာသောဈေးနှုန်းဖြင့် လုပ်ငန်းခွင်အရောက် တိုက်ရိုက်ဖြန့်ဖြူးရောင်းချပေးလျက်ရှိသည်။ 

မိုင်းရယ်၌ နှစ်စဉ်ပြုလုပ်သည့် ရှမ်းရိုးရာသင်္ကြန်အလှူပွဲ ကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့၊ အမှတ်(၁)ရပ်ကွက်၊ ပြည်ထောင်စုလမ်းရှိ မြောက်မြိုကျောင်းတိုက်(နောင်မိုကျောင်း)တွင် နှစ်စဉ်ပြုလုပ်သည့် ရှမ်းရိုးရာသင်္ကြန်အလှူပွဲကို ယမန်နေ့‌ နေ့လယ် ၁ နာရီကကျင်းပရာ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တ ဂန္ဓမာလာ (ဇိနမာရ်အောင်ကျောင်းတိုက်)နှင့် အကျိုးတော်ဆောင်ဆရာတော် ဘဒ္ဒန္တသုနန္ဒ  (ဟိုဝိန်းကျောင်းတိုက်)တို့ အမှူးပြုသော ပင့်သံဃာတော် ၉ ပါး၊ မြောက်မြိုကျောင်း (နောင်မိုကျောင်း) ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးစိုင်းမောင်ကြီးနှင့် အဖွဲ့ဝင်များ၊ မိုင်းရယ်မြို့၊ အမှတ်(၁)ရပ်ကွက်၊ အမှတ် (၂) ရပ်ကွက်နှင့် နားဖျိုင်းကျေးရွာအုပ်စုအတွင်းရှိ နားဖျိုင်း၊ နားအော်၊ မန်နောင်၊ ပိန်းနင်ကျေးရွာတို့မှ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။

ပုပ္ပားတောင်ပတ်ဝန်းကျင်ကျေးရွာများ ထိုင်ဝမ်ပိန္နဲစိုက်ပျိုး တောင်သူများ ပိန္နဲသီး ရောင်းချခြင်းဖြင့် အပိုဝင်ငွေရရှိ

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ် ထိုင်ဝမ်ပိန္နဲ စိုက်ပျိုးတောင်သူများ ပိန္နဲစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး အသီးသီးနှုန်း ကောင်းမွန်ကာ ဆွတ်ခူးရောင်းချချိန် တစ်ပိဿာ ၂၅၀၀ ကျပ် ရောင်းချရခြင်းကြောင့် ပိန္နဲစိုက်တောင်သူများ တွက်ခြေကိုက်နေကြကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီ၌ စပါး ၁၂၂၀၀ ဧကထိ စိုက်ပျိုးပြီးစီးပြီဖြစ်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီ၌ စပါး ၁၂၂၀၀ ဧကထိ စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မကွေးတိုင်းဒေသကြီးအတွင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ပြည်တွင်းထုတ်ဒီဇယ်ဆီ တစ်ဂါလံလျှင် (၁) သောင်းကျပ်နှုန်းဖြင့် တောင်သူများထံ တိုက်ရိုက်ရောင်းချပေး

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မကွေး တိုင်းဒေသကြီးအစိုးရအဖွဲ့တို့နှင့်ပူးပေါင်း၍ ပြည်တွင်းထုတ် ဒီဇယ်ဆီများကို ပွင့်ဖြူမြို့နယ်နှင့် နတ်မောက်မြို့နယ်အတွင်းရှိ တောင်သူများထံ အထူးသက်သာသောဈေးနှုန်းဖြင့် လုပ်ငန်းခွင်အရောက် တိုက်ရိုက်ဖြန့်ဖြူးရောင်းချပေးလျက်ရှိသည်။

ကချင်ပြည်နယ် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်နိုင် မြစ်ကြီးနားမြို့၌ ပြည်သူများ လျှပ်စစ်ဓာတ်အား အခက်အခဲမဖြစ်ပေါ်စေရေးနှင့် လျှပ်စစ်အားသွင်းခြင်း ဝန်ဆောင်မှုအ‌ပေါ် လာရောက်သုံးစွဲသည့် ပြည်သူများအား လိုက်လံကြည့်ရှုအားပေး

ကချင်ပြည်နယ်အတွင်း ချီဖွေငယ်ရေအားလျှပ်စစ် စက်ရုံပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်း စတင်ဆောင်ရွက်နေပြီဖြစ်သောကြောင့် လျှပ်စစ်မီးပြတ်တောက်လျက်ရှိရာ ပြည်သူများ လျှပ်စစ်ဓာတ်အားရရှိရေးအတွက် မြစ်ကြီးနားမြို့ပေါ် ပြည်နယ်လျှပ်စစ်နှင့် ဆက်စပ်ကုမ္ပဏီအဖွဲ့အစည်းများ၏ ရုံး၊ ဌာနများတွင် ပြည်သူများ နေ့စဉ်အသုံးပြုလျက်ရှိသော လျှပ်စစ်ပစ္စည်းများအားသွင်းနိုင်ရေး ဝန်ဆောင်မှုလုပ်ငန်းများ စီစဉ်ဆောင်ရွက်ပေးနေမှုကို ပြည်နယ်အစိုးရအဖွဲ့ဝင် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်နိုင်က ကွင်းဆင်းစစ်ဆေးခဲ့သည်။

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ဗူးဘုရားရင်ပြင်တော်ပေါ်၌ ဆွမ်း၊ ပန်း၊ ရေချမ်းကပ် လှူခြင်း၊ သန့်ရှင်းရေးပြုလုပ်ခြင်းနှင့် မြို့ပေါ်စာသင်တိုက်ကြီးများသို့ ဆွမ်းဆန်၊ ပဲ၊ ပဲဆီများ လှူဒါန်း

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ၌ နှစ်ဦးကုသိုလ်ပြုလုပ်သူများ၊ ဘုရားဖူးများဖြင့် စည်းကားလျက်ရှိရာ ယမန်နေ့နံနက် ၉ နာရီအချိန်က ညောင်ဦးခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နီလာဟိန်းနှင့်အဖွဲ့ဝင်များသည် ဗူးဘုရားရင်ပြင်တော်ပေါ် သန့်ရှင်းရေးပြုလုပ်ခြင်းနှင့် ဆီမီး၊ ဆွမ်း၊ ပန်းကပ်လှူခြင်း၊ စာချ၊ စာသင်တိုက်ကြီးများတွင် ဆွမ်းဆန်၊ ပဲဝါနှင့် ပဲဆီများ လှူဒါန်းခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့ပေါ်ရပ်ကွက်များအတွင်း ပြည်သူများ လျှပ်စစ်မီးအခက်အခဲဖြစ်ပေါ်မှု လျော့နည်းစေရေး လျှပ်စစ်ဓာတ်အားသွင်းခြင်းဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုအား လိုက်လံကြည့်ရှုစစ်ဆေး

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း အဓိကလျှပ်စစ်မီးဖြန့်ဝေပေးနေသည့် ချီဖွေငယ်ရေအားလျှပ်စစ်စက်ရုံ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေသည့် ရက်သတ္တပတ်နှစ်ပတ်တာကာလအတွင်း ပြည်သူများ လျှပ်စစ်မီးနှင့် ရေအခက်အခဲဖြစ်ပေါ်မှု လျော့နည်းစေရေးအတွက် လုပ်ငန်းစီမံချက်ဖြင့် ဆောင်ရွက်ပေးလျက်ရှိရာ  ဧပြီ ၁၈ ရက် ညနေ ၅ နာရီကလည်း မြစ်ကြီးနားမြို့ပေါ်၌ လျှပ်စစ်ဌာနနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် လျှပ်စစ်မီးအားသွင်းခြင်း ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

နေပြည်တော်ကောင်စီဝင် ဦးအောင်ဇေယျ တပ်ကုန်းမြို့နယ် ဗုဒ္ဓသာသနာပြုဗိမာန်တော်ကြီး ပြန်လည်တည်ဆောက်နေမှုကြည့်ရှု၊ မီးဘေးသင့်အိမ်ထောင်စုဝင်များအား ထောက်ပံ့ငွေနှင့်ပစ္စည်းများ လှူဒါန်း

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ်တွင် မန္တလေးမြေငလျင်ကြောင့် ပျက်စီးခဲ့သော ဗုဒ္ဓသာသနာပြုဗိမာန်တော်ကြီး တည်ဆောက်နေသည့်လုပ်ငန်းခွင်သို့ နေပြည်တော်ကောင်စီဝင် ဦးအောင်ဇေယျသည် တပ်ကုန်းမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်သူနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
Subscribe to