ကျိုက်လတ်မြို့နယ်၌ ပေါ်ဆန်းဇုန် စိုက်ပျိုးနေမှုအား တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေး
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ဆန်စပါးထုတ်လုပ်မှု တိုးတက်ရေးနှင့် ပြည်တွင်းစားနပ်ရိက္ခာဖူလုံစေရေးအတွက် ယနေ့နံနက်ပိုင်းက အုန်းပင်စုကျေးရွာနှင့် သမက်ပြေကျေးရွာအုပ်စုများတွင် ပေါ်ဆန်းဇုန် စိုက်ပျိုးနေမှုအား တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။