ဆိပ်ဖြူမြို့နယ်တွင် အပူဒဏ်အန္တရာယ်လျော့ကျရေးလုပ်ငန်းများ ဆောင်ရွက်

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် အပူဒဏ်အန္တရာယ်လျော့ကျရေး လူစည်ကားသည့် နေရာများအား ရေသယ်ယာဉ်များဖြင့် ရေဖျန်းပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကွမ်းခြံကုန်းမြို့နယ် ဆီဆိုင်များ၌ စက်သုံးဆီဖြန့်ဖြူးရောင်းချမှုများအား စစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင် ကွမ်းခြံကုန်းမြို့နယ် စက်သုံးဆီခြုံးခြံချွေတာရေးနှင့် ဖူလုံမှုရှိစေရေး Bar Code/QR Codeဖြင့် စုံ/ မ ယာဉ်များကို နေ့အလိုက်စက်သုံးဆီရောင်းချနေမှု လိုက်လံစစ်ဆေးခြင်းများကို ယနေ့နံနက်ပိုင်းက Winnerဆီဆိုင်၊ U P ဆီဆိုင်၊ APEX စက်သုံးဆီ အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးကြောင်း သိရသည်။

တောင်ငူမြို့၏ ရှေးဟောင်းသမိုင်းဝင် ရွှေဆံတော်စေတီတော်မြတ်ကြီး၌ နှစ်ဦးအသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၏ ကျက်သရေဆောင် ရှေးဟောင်းသမိုင်းဝင် ရွှေဆံတော်စေတီတော်မြတ်ကြီး၌ နှစ်ဦး အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားကို ယနေ့နံနက် (၉)နာရီက စေတီတော်ရင်ပြင်ရှိ ဘုရားကိုးဆူ အာရုံခံတန်းဆောင်း၌ ကျင်းပသည်။

ပြည်မြို့နယ်၌ နွေစပါးစိုက်တောင်သူများအတွက် စက်သုံးဆီများ ကျေးရွာများအရောက် ကွင်းဆင်းဖြန့်ဖြူးရောင်းချပေး

ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ်အတွင်း နွေစပါးများ ရာနှုန်းပြည့်စိုက်ပျိုးနိုင်ရန် ယနေ့နံနက်ပိုင်းက မြို့နယ်လုပ်ငန်းကြီးကြပ်ရေးအဖွဲ့တာဝန်ရှိသူများက နွေစပါးစိုက်တောင်သူများအတွက် စက်သုံးဆီများကို ကျေးရွာများအရောက် ကွင်းဆင်းဖြန့်ဖြူးရောင်းချပေးကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ် အရှေ့သပြေကုန်းကျေးရွာ၌ စိုက်ပျိုးထားသော နှမ်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် နွေနှမ်း ၄၄၂၀၆ ဧက လျာထား စိုက်ပျိုးလျက်ရှိရာ အရှေ့သပြေကုန်းကျေးရွာ၌ စိုက်ပျိုးထားသော နွေနှမ်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း ကြို့ပင်ကောက်နှင့် ဇီးကုန်းမြို့နယ်တို့ရှိ လေဘေးသင့် အိမ်ထောင်စုများအား သွားရောက်တွေ့ဆုံထောက်ပံ့ 

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ဧပြီ ၁၉ ရက်က ကျင်းပသော လေဘေးသင့် အိမ်ထောင်စုများအား ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားသို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း နှင့် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တို့တက်ရောက်သည်။

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဇီးကုန်းမြို့နယ်၌ လေဘေးသင့်အိမ်ထောင်စုများအား ထောက်ပံ့ငွေများပေးအပ်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်၌ ဧပြီလ ၁၇ ရက်နေ့က လေပြင်းတိုက်ခတ်မှုကြောင့် ပြိုလဲပျက်ဆီးနေအိမ်များအတွက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ဇီးကုန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ပေါင်မြို့နယ်၊ အလှပ်ကျေးရွာရှိ မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေနှင့် ကယ်ဆယ်‌ရေးပစ္စည်းများ ပေးအပ်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ အလှပ်ကျေးရွာ၊ ကန်သာယာရပ်၌ ဧပြီလ (၁၇) ရက်နေ့ ည (၁၁)နာရီ (၁၅) မိနစ်အချိန်တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် မီးဘေးသင့်ခဲ့သော ပြည်သူများကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပေါင်မြို့နယ် ဦးစီးမှူးရုံးမှ ထောက်ပံ့ငွေများ၊ ဆန်ရိက္ခာနှင့် ကယ်ဆယ်ရေးပစ္စည်းများကို ယနေ့နံနက်ပိုင်းက မီးဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ပေးအပ်ခဲ့သည်။

မုဒုံမြို့ရှိ ကန်ကြီးစေတီတော်မြတ်ကြီးတွင် ဆီမီး (၉၀၀၀)၊ ပန်း (၉၀၀၀) ပူဇော်ပွဲကျင်းပ

မွန်ပြည်နယ်၊ မုဒုံမြို့ ကျက်သရေဆောင် သမိုင်းဝင်ဆံတော်ရှင် ကန်ကြီးစေတီတော်မြတ်ကြီးတွင် ၁၃၈၈ ခုနှစ် မြန်မာနှစ်ဆန်း ၁ ရက်နေ့ ဧပြီလ ၁၇ ရက်နေ့က ဆီမီး (၉၀၀၀) ပန်း (၉၀၀၀) ပူဇော်ပွဲကျင်းပသည်။

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ကကြီးမှူး၍ နှစ်သစ်မင်္ဂလာအန္တရာယ်ကင်း ပရိတ်တရားတော်ရွတ်ပွားချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် နှစ်သစ်မင်္ဂလာအန္တရာယ်ကင်း ပရိတ်တရားတော်ရွတ်ပွားချီးမြှင့်ပွဲ အခမ်းအနားကို ဧပြီလ (၁၇) ရက်နေ့ ညနေပိုင်းက ဝန်ကြီးများအိမ်ရာဝန်း၌ကျင်းပခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်နှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်ဇနီးများ တက်ရောက်ခဲ့ကြသည်။
Subscribe to