မြစ်သားမြို့နယ် ကင်းတားတမံရေလွှဲဆည်မှ နွေသီးနှံအတွက် စိုက်ပျိုးရေများ စတင်ဖြန့်ဝေပေး
- Read more about မြစ်သားမြို့နယ် ကင်းတားတမံရေလွှဲဆည်မှ နွေသီးနှံအတွက် စိုက်ပျိုးရေများ စတင်ဖြန့်ဝေပေး
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနက မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ နွေသီးနှံအချိန်မီစိုက်ပျိုးနိုင်ရန် ရည်ရွယ်၍ ကင်းတားတမံရေလွှဲဆည်မှ ဆည်ရေများကို ဖေဖော်ဝါရီလ(၁၅)ရက်နေ့မှစတင်ပြီး စိုက်ပျိုးရေများဖြန့်ဝေပေးနေပြီဖြစ်ကြောင်း မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှသိရသည်။