လှည်းကူး ဖေဖော်ဝါရီ ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်ရှိ အခြေခံပညာကျောင်း(၁၈၇)ရှိ Grade-1 ကျောင်းသား၊ ကျောင်းသူများ ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းကို ယမန်နေ့နံနက်ပိုင်းက တစ်ပြိုင်နက်ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါကျောင်းတွင်း အာဟာရကျွေးမွေးခြင်းသည် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် အခြေခံပညာကျောင်းများရှိ Grade-1 ကျောင်းသား၊ ကျောင်းသူများကို လူ့စွမ်းအားအရင်းအမြစ်များဖွံ့ဖြိုးတိုးတက်ပြီး ကျန်းမာကြံ့ခိုင်စေရန်ရည်ရွယ်၍ ထမင်း၊ ကြက်ဥသီးစုံဟင်း၊ ပဲဟင်းချို၊ အာဟာရစုံလင်စွာနှင့် သန့်ရှင်းမှုရှိစေရန် ကျောင်းတွင် ကိုယ်တိုင်ချက်ပြုတ် ကျွေးမွေးခြင်းဖြစ်သည်။
ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းကို အာခြေခံပညာကျောင်းများမှ မိဘဆရာအသင်း၊ ကျောင်းအကျိုးတော်ဆောင်နှင့်ကျောင်းသား၊ ကျောင်းသူမိဘများ ပူးပေါင်းပါ၀င်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
အေးအေးနွဲ့(ပြန်/ဆက်)