ကျွန်းလှမြို့နယ်၌ ပဲစင်းငုံသီးနှံ ဧက ၁၁၅၃၅ ရိတ်သိမ်းပြီး ၁၆၃၀၀၀ တင်းကျော်ထွက်ရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် မိုးရာသီစိုက်ပျိုးခဲ့သော ပဲစင်းငုံသီးနှံ ဧက ၁၁၅၃၅ ရိတ်သိမ်းပြီး ၁၆၃၀၀၀ တင်းကျော်ထွက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ပန်းတောင်းမြို့နယ်၌ လေပြင်းဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျော့နည်းစေရန်နှင့် လေပြင်းဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများကွင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် လေပြင်းဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျော့နည်းစေရန်နှင့် လေပြင်းဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ယနေ့နံနက် (၉) နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရနှင့်အဖွဲ့မှဦးဆောင်၍ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးရာဇာဝင်းထွန်းနှင့်ဝန်ထမ်းများ၊ ​မြို့နယ်မီးသတ်ဦးစီးဌာန၊ ဦးစီးအရာရှိ ဦးကျော်ကျော်နှင့်ဝန်ထမ်းများ၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်လွင်လွင်ခိုင်နှင့် တာဝန်ရှိသူများက ကွင်းဆောင်ရွက်ခဲ့ကြသည်။

(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ရန်ကုန်တိုင်းဒေသကြီး ဌာနဆိုင်ရာပြခန်းများ၌ ပဉ္စမမြောက်နေ့တွင် ကျောင်းသား၊ ကျောင်းသူများနှင့်လာရောက်လေ့လာ ကြည့်ရှုသူများဖြင့် စည်ကား

၂၀၂၅ ခုနှစ်၊ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ရန်ကုန်မြို့၊ ဒဂုံမြို့နယ်ပြည်သူ့ရင်ပြင်၌ ပဉ္စမမြောက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး ဌာနဆိုင်ရာပြခန်းများ၊ MSME ထုတ်ကုန်အရောင်းဆိုင်များတွင် ကျောင်းသား၊ ကျောင်းသူများနှင့် ပြည်သူများလာရောက်လေ့လာ ကြည့်ရှုသူများဖြင့် စည်ကားခဲ့သည်။

ကျောက်ပန်းတောင်းမြို့နယ်တွင် မန်ကျည်းသီးပွဲရုံများသို့ မန်ကျည်းသီးမှည့်အသစ်များ စတင်ဝင်ရောက်လာ

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်တွင် မန်ကျည်းသီးမှည့်အသစ်များ ဈေးကွက်သို့စတင် ဝင်ရောက်လာနေပြီး မန်ကျည်းလှောင်ပွဲစားများ မန်ကျည်းသီးမှည့်များ စတင်ကောက်ယူနေပြီ မန်ကျည်းအသားတစ်ပိဿာ ၆၀၀၀ ကျပ်၊ မန်ကျည်းအလုံး တစ်ပိဿာ ၄၀၀၀ ကျပ်ဖြင့် ဈေးကွက်အတွင်း ရောင်းချနေပြီဖြစ်ကြောင်း သိရသည်။

ပေါက်ခေါင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီအချိန်က စာရေးဆရာချစ်နိုင် (စိတ်ပညာ) ရေးသားထားသည့် "အောင်မြင်ခြင်းရဲ့အုတ်မြစ် " စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။

ဆောင်းနေကြာ(ဆင်းရွှေကြာ-၂) မျိုးမြှင့်တင်ရွေးချယ်ခြင်းနှင့် မျိုးကောင်းမျိုးသန့် သုံးစွဲခြင်းဆိုင်ရာ ကွင်းသရုပ်ပြပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ၂၀၂၄-၂၀၂၅ ခုနှစ် ဆောင်ရွက်သည့် ဆောင်းနေကြာဆီထွက်သီးနှံ (ဆင်းရွှေကြာ-၂)မျိုးကို မြိုင်ကုန်းကျေးရွာအုပ်စု တောင်သူ ဦးသာထွန်းကွင်းအမှတ်(၅၃၄)ခ၊ ဦးပိုင်အမှတ် (၂၂)ရှိ စိုက်ဧက (၁၀.၀၀) ဧကတွင် ကွင်းသရုပ်ပြပွဲကို ယမန်နေ့နံနက်ပိုင်းက အဆိုပါသီးနှံနေကြာစိုက်ခင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

တောင်ကြီးမြို့တွင် အကြမ်းဖက်ဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာနေရသည့် ပြည်သူများအား ထောက်ပံ့ငွေပေးအပ်

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် တောင်ကြီးခရိုင်အတွင်းရှိ မြို့နယ်များ၌ အကြမ်းဖက် ဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာနေရသည့် ပြည်သူများအား ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဥတ္တရသီရိမြို့နယ်၊ မောင်းရမ်းကျေးရွာအုပ်စုအတွင်းရှိ နွေစပါးနှင့် နွေသီးနှံစိုက်ပျိုးမည့် တောင်သူများနှင့်တွေ့ဆုံ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ မောင်းရမ်းကျေးရွာအုပ်စုအတွင်းရှိ နွေစပါးနှင့် နွေသီးနှံစိုက်ပျိုးမည့် တောင်သူများနှင့် တာဝန်ရှိသူများ တွေ့ဆုံ‌ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ဘုရား‌ကုန်းကျေးရွာရှိ စိုက်ပျိုး၊ စီးပွား အသိပညာပေးစင်တာ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အင်တောကျယ်ကျေးရွာ၌ ပြည်သူ့စစ်မှုထမ်း ဥပဒေ၊ နည်းဥပဒေများအကြောင်း အသိပညာပေးဆွေးနွေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်၊ အင်တောကျယ်ကျေးရွာအုပ်စု၊ အင်တောကျယ်ကျေးရွာတွင် ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေများအကြောင်း သိကောင်းစရာအသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ(၃)နာရီက အင်တောကျယ်ကျေးရွာအုပ်စု၊ အင်တောကျယ်ကျေးရွာ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး နေအိမ်ဝန်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့ပေါ်ရှိ MSMEs စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နေမှု ကြည့်ရှုအားပေးခြင်း၊ မုံရွာကုန်စည်ဒိုင်အတွင်း ပဲမျိုးစုံ ရောင်းဝယ်နေမှုများအား ကြည့်ရှုခြင်းနှင့် မုံရွာကုန်စည်ဒိုင်အသင်းအဖွဲ့များနှင့်တွေ့ဆုံ  

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့နံနက်ပိုင်းတွင် မုံရွာမြို့၊ မြို့သစ်ရပ်ကွက်ရှိ တစ်ရက်လျှင် လက်ဖက်ညွန့်၊ လက်ဖက်ချဉ်စပ်နှင့် ပဲစုံနှစ်ပြန်ကြော်အထုပ် ၁၃၀ ပါ၊ ဂျက်ဖာ ၁၀၀၀ ဝန်းကျင်ထုတ်လုပ်နေသည့် “ပွဲတော်အုပ်” လက်ဖက်ညွန့်၊ လက်ဖက်ချဉ်စပ်နှင့် ပဲစုံနှစ်ပြန်ကြော် လုပ်ငန်းခွင်သို့ရောက်ရှိရာ လုပ်ငန်းတာဝန်ခံမှ လက်ဖက်ညွန့်၊ လက်ဖက်ချဉ်စပ်နှင့် ပဲစုံနှစ်ပြန်ကြော် ဆိုဒ်အမျိုးမျိုးထုတ်လုပ်နေမှု၊ ထုပ်ပိုးနေမှုများ၊ သိုလှောင်ထားရှိမှုများနှင့် ကုန်ကြမ်းစုဆောင်းထားရှိမှုများအား လိုက်လံရှင်းလင်းပြသသည်။
Subscribe to