မြစ်သားမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များသို့ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ကွင်းဆင်းဆောင်ရွက်

မြစ်သား ဖေဖော်ဝါရီ ၁၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များသို့ ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍  မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြင့်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့မွန်းလွဲပိုင်းက  မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၁) ဗိုလ်မှူး ဘိုဘိုအောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဌေးဝင်း၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဦးအောင်မင်းကျော်နှင့်ဝန်ထမ်းများ၊ စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးစိုးအောင်နှင့်တာဝန်ရှိသူများက ဦးဆောင်၍ မြစ်သားမြို့နယ်အတွင်းရှိ  စက်သုံးဆီအရောင်းဆိုင်များ၌ မီးလန့်မှုနှင့်မီးလောင်မှုများမဖြစ်ပွားစေရေး၊ မီးဘေးသတိရှိရေး မီးဘေး ကြိုတင်ကာကွယ်ရေးအတွက် မီးချိတ်၊ မီးကပ်၊ သဲ၊ ရေပုံးများ၊ မီးသတ်ဆေးဘူးများ အသင့်ထားရှိစေ ပြီးမီးသတ်ဆေးဘူးများ လေပေါင်ရှိ/မရှိတို့ကိုစစ်ဆေး၍ မီးဘေးလုံခြုံရေးဆိုင်ရာတို့ကို အသိပညာပေးကာ လိုက်လံစစ်ဆေးဆောင်ရွက်ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။

ဝင်းမင်းထွန်း(ပြန်/ဆက်)