ပြည်သူ့စစ်မှုထမ်းအမှတ်စဉ်(၁၀)သင်တန်းဖွင့်ပွဲ ကျင်းပ

ပြည်သူ့စစ်မှုထမ်းအမှတ်စဉ်(၁၀)သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ဂျိုးဖြူဒေသရှိ၊ နယ်မြေခံသင်တန်းကျောင်းတွင်ပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ နယ်မြေခံသင်တန်းကျောင်း၊ ကျောင်းအုပ်ကြီးဗိုလ်မှူးချုပ်မျိုးမင်းသန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ တိုင်းဦးစီးချုပ်၊ ဗိုလ်မှူးကြီးသက်ပိုင်ဇော်၊ တပ်မတော်အရာရှိကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အုပ်ချုပ်သူနည်းပြများ တက်ရောက်ကြသည်။

လင်းခေးတွင် အကြမ်းဖက်ဖြစ်စဥ်များကြောင့် ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကျင်းပ

အကြမ်းဖက်ဖြစ်စဥ်များကြောင့် ယာယီနေရပ်စွန့်ခွာ ပြည်သူများအတွက် ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ မွန်းတည့် (၁၂) နာရီက ရှမ်းပြည်နယ် (တောင်ပိုင်း) လင်းခေးခရိုင်၊ လင်းခေးမြို့နယ် နွယ်ဝတီခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ပေါက်ခေါင်းမြို့နယ်တွင် ယာယီနေရပ်စွန့်ခွာပြည်သူများအား ဆန်ရိက္ခာဖိုးငွေများ ပေးအပ်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမတွင် နယ်မြေလုံခြုံရေးအခြေအနေအရ မြို့နယ်အတွင်းသို့ ပြောင်းရွှေ့ရောက်ရှိလာသည့် ယာယီနေရပ်စွန့်ခွာပြည်သူများအား ယမန်နေ့နံနက်ပိုင်းက အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေဖြင့် ဆန်ရိက္ခာဖိုးငွေများ ပေးအပ်ခဲ့ကြောင်းသိရသည်။

တိုင်းဒေသကြီးဝန်ကြီးချုပ် ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနားသို့တက်ရောက်

အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင် ပြုလုပ်ခဲ့သည်။

ရန်ကင်းမြို့နယ် အမှတ်(၄)အခြေခံပညာအလယ်တန်းကျောင်းတွင် လူငယ်စကားဝိုင်းဆွေးနွေးပွဲနှင့် နံရံကပ်စာစောင်၊ စာအုပ်ပြပွဲကျင်းပ

နိုင်ငံတော်အတွက် ထူးချွန်ထက်မြက်‌‌သော အနာဂတ်မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ ရန်ကုန်တိုင်း‌ဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က ရန်ကင်းမြို့နယ်ရှိ အမှတ်(၄)အခြေခံပညာ အလယ်တန်းကျောင်း၌ ကျင်းပခဲ့သည်။

သာယာဝတီ၌ မီးဘေးသင့်နေအိမ်တစ်လုံးအတွက် အလှူငွေနှင့်ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး ပေးအပ်

​ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သာယာဝတီခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ဖေ‌ဖော်ဝါရီလ ၁၆ ရက်နေ့ နံနက် ၁၀ နာရီတွင် ဖေဖော်ဝါရီလ ၁၅ ရက်နေ့က မီးလောင်ဆုံးရှုံးခဲ့သော သုံးဆယ်မြို့၊ အနောက်ရိုးကြီးရပ်ကွက်၊ အနောက်လမ်းသစ်တန်းလမ်းနေအိမ်၌ အလှူငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများ ပေးအပ်ခဲ့​သည်။

နိုင်ငံတော်ဩဝါဒါစရိယဘဒ္ဒန္တပညိဿရာဘိဝံသမဟာထေရ်မြတ်၏အရိုးဓါတ်ပြာတော်များအား လှိုင်မြစ်အတွင်းသို့ရေမျှောပူဇော်

နိုင်ငံတော်ဩဝါဒါစရိယ၊ တိပိဋကဓရတိပိဋကကောဝိဒါရွေးချယ်စာမေးပွဲ ဩဝါဒါစရိယအဖွဲ့ ဥက္ကဋ္ဌ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ သာသနာ့ဂုဏ်ရည်ချမ်းသာကြီးကျောင်းတိုက်ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တပညိဿရာဘိဝံသ မဟာထေရ်မြတ်ကြီး၏ အရိုးဓါတ်ပြာတော်များအား (ဓါတုဥဒါကပဝါဟနပူဇာ)လှိုင်မြစ်အတွင်းသို့ ရေမျှောပူဇော်ပွဲအခမ်းအနားကို ဖေဖော်ဝါရီလ(၁၆)ရက်နေ့က လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ ညောင်ကျေးရွာရှိ ပန်းလှိုင်အိမ်ရာဆိပ်ကမ်း‌ဘေး ဆိပ်ခံဗောတံတားတွင် ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ထားဝယ်မြို့၌အခြေခံပညာကျောင်းများနှင့်ဌာနဆိုင်ရာရုံးများသို့သုတ/ရသစာအုပ် စာစောင်များ ငှားရမ်းပေး

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများက ဒေသခံပြည်သူများအား စာပေဖတ်ရှုသည့်အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာစေရန်၊ ခရိုင်ပြည်သူ့စာကြည့်တိုက်သို့ လာရောက်မငှားရမ်းနိုင်သည့် ရပ်ကွက်များသို့ ရွေ့လျားစာကြည့်တိုက် Mobile Library Bus ဖြင့် သုတ/ရသစာအုပ် စာစောင်များတင်ဆောင်၍ လှည့်လည် ငှားရမ်းပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ထားဝယ်မြို့၊ အခြေခံပညာကျောင်းများနှင့် ဌာနဆိုင်ရာ ရုံးများသို့သုတ/ရသစာအုပ် စာစောင်များ ငှားရမ်းပေးခဲ့သည်။

အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (၄၇)ပါးစုံညီ ဧကူနဝီသတိမအစည်းအဝေး၊ အဋ္ဌမအကြိမ် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ သတ္တမအစည်းအဝေးနှင့် နဝမအကြိမ် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ ပထမအစည်းအဝေးများ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

အဋ္ဌမအကြိမ်နိုင်ငံတော်သံဃမဟာနာယကအဖွဲ့(၄၇)ပါးစုံညီဧကူနဝီသတိမအစည်းအဝေး၊ အဋ္ဌမအကြိမ် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ သတ္တမအစည်းအဝေးနှင့်နဝမအကြိမ် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ ပထမအစည်းအဝေးများကို ယမန်နေ့မွန်းလွဲ ၁ နာရီတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန(သာသနာရေး)၊ ရန်ကုန်ရုံးခွဲဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ကျောက်ကြီးမြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှ မိုင်းအန္တရာယ်အသိပညာပေး ဟောပြောပွဲပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ် မေတ္တာရပ်ကွက်ရှိ အခြေခံပညာအလယ်တန်းကျောင်းခွဲတွင် ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်ကြက်ခြေနီအသင်း(ခွဲ)စီစဥ်မှုဖြင့် မိုင်းအန္တရာယ်အသိပညာပေး ဟောပြောပွဲပြုလုပ်ခဲ့သည်။
Subscribe to