လှိုင်မြို့နယ် ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်း၌ ကဗျာရွတ်ပြိုင်ပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ဦးစီးဌာန ကလေးစာဖတ်ခန်း၌ ကဗျာရွတ်ပြိုင်ပွဲကို ယနေ့ မွန်းလွဲ ၁ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ကျောက်တန်းမြို့နယ်၌ အခြေခံပညာကျောင်းများရှိ Grade (1) ကျောင်းသား၊ ကျောင်းသူများအား ကျောင်းတွင်းနေ့လယ်စာအာဟာရကျွေးမွေးခြင်း လုပ်ငန်းများဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်တွင် အခြေခံပညာဦးစီးဌာန Grade (1) ကျောင်းသား၊ ကျောင်းသူများအား ကျောင်းတွင်း‌နေ့လယ်စာ အာဟာရ ကျွေးမွေးခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းက အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း (သော်က) နှင့် အခြားအခြေခံပညာကျောင်းများတွင် ဆောင်ရွက်ခဲ့သည်။

ရေဦးမြို့နယ်ရှိ ယာယီနေရပ်စွန့်ခွာပြည်သူများအား နိုင်ငံတော်မှထောက်ပံ့ငွေများပေးအပ်

အကြမ်းဖက်ဖြစ်စဉ်များကြောင့် ရောက်ရှိနေသည့် ယာယီနေရပ်စွန့်ခွာ ပြည်သူများအား နိုင်ငံတော်မှထောက်ပံ့ငွေများပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးခရိုင်၊ ရေဦးမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေနဒီဦးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သထုံမြို့နယ်၊ ပေါ်တော်မူကျေးရွာ “လူငယ်အလင်းရောင်” စာကြည့်တိုက် ဖွင့်ပွဲအခမ်းအနား မွန်ပြည်နယ်ဝန်ကြီးချုပ် တက်ရောက်ဖွင့်လှစ်

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ပေါ်တော်မူကျေးရွာတွင် မြန်မာနိုင်ငံစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုကော်မတီ၏ မတည်လှူဒါန်းမှုနှင့် ကျေးရွာနေပြည်သူများ စုပေါင်းလှူဒါန်းမှုတို့ဖြင့် တည်ဆောက်ထားသည့် “လူငယ်အလင်းရောင်” စာကြည့်တိုက်ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက အဆိုပါစာကြည့်တိုက်အဆောက်အဦသစ်၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အလှူရှင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့သည်။

သံဖြူဇရပ်မြို့ အမှတ် (၄) တပ်မ​တော်တန်းမြင့်​လေ့ကျင့်​ရေး​ကျောင်း၌ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၁၀/၂၀၂၅) သင့်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ဝဲကလိ​ကျေးရွာရှိ အမှတ် (၄) တပ်မ​တော်တန်းမြင့်​လေ့ကျင့်​ရေး​ကျောင်းစစ်​ရေးပြကွင်း၌ ယ​နေ့နံနက် ၈ နာရီအချိန်က ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၁၀/၂၀၂၅) သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့သည်။

ဒဂုံမြို့နယ် အမှတ်(၂)အခြေခံပညာအလယ်တန်းကျောင်းတွင် ကျောင်းတွင်းအာဟာရကျွေးမွေးခြင်း ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ကျောက် တံတားခရိုင်၊ ဒဂုံမြို့နယ်၊ အမှတ် (၂) အခြေခံပညာအလယ်တန်းကျောင်းတွင်၊ Grade-1 ကျောင်းသား၊ ကျောင်းသူ(၂၅)ဦးကို ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းကို ယနေ့နံနက် (၁၁) နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

လသာမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေအကြောင်း ရှင်းလင်းဆွေးနွေး

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လသာမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းခေါ်ယူရေးကိစ္စရပ်များနှင့်ပတ်သက်၍ ပြည်သူ့စစ်မှုထမ်းဆိုင်ရာဥပဒေ၊ နည်းဥပဒေများအား အသိပေးရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က သိမ်ကြီးစျေး (ဃ) ရုံစျေးတာဝန်ခံရုံးခန်းတွင် ပြုလုပ်ခဲ့သည်။
Subscribe to