မီးဘေးလုံခြုံရေးအသိပညာပေးဟောပြောပွဲနှင့်ဇာတ်တိုက်လေ့ကျင့် သရုပ်ပြပွဲပြုလုပ်

ရမည်းသင်းခရိုင်၊ ရမည်းသင်းအကျဉ်းထောင်၌ ခရိုင်မီးသတ်ဦးစီးဌာနမှ မီးဘေးလုံခြုံရေးအသိပညာပေးဟောပြောပွဲနှင့် ဇာတ်တိုက်လေ့ကျင့် သရုပ်ပြပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ပလောက်မြို့၊ မူလွန်ကျောင်းတွင်(Grade-1) ကျောင်းသား/သူများအား အာဟာရ ကျွေးမွေးခြင်းဆောင်ရွက်

ကျောင်းနေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုးတိုးတက်စေရေးအစီအစဉ်ဖြင့် ယနေ့ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် ပလောက်မြို့အတွင်းရှိ အခြေခံပညာကျောင်းများတွင် (Grade-1) ကျောင်းသား၊ ကျောင်းသူများအား အာဟာရများကျွေးမွေးလျက်ရှိရာ ပလောက်မြို့၊ အခြေခံ ပညာမူလတန်းလွန်ကျောင်းတွင် ယနေ့နံနက် ၁၀ နာရီခွဲခန့်က ၎င်းကျောင်းရှိ (Grade-1)ကျောင်းသူ/ ကျောင်းသားတို့အား ကျောင်းတွင်း အာဟာရကျွေးမွေးပေးကြသည်။

စစ်ကိုင်းတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခင်မောင်အေး တိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကြီးကြပ်မှုကော်မတီ အစည်းအဝေးအမှတ်စဥ် (၁/၂၀၂၅)တက်ရောက်

စစ်ကိုင်းတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကြီးကြပ်မှုကော်မတီ အစည်းအဝေးအမှတ်စဥ်(၁/၂၀၂၅)ကို ယနေ့နံနက်(၉)နာရီခွဲက တိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ အစည်းအဝေးသို့ စစ်ကိုင်းတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးလမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခင်မောင်အေး၊ အတွင်းရေးမှူး ဦးသိန်းထိုက်ဦး၊ တိုင်းဒေသကြီးအဆင့် မိတ်ဖက်ဌာနဆိုင်ရာ ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ရှိန်မြှင့်တင်ရေး Book Club အဖွဲ့ဝင်များနှင့် ပူးပေါင်း၍ စာဖတ်ဝိုင်းပြုလုပ်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်များ၊ ကျောင်းသား/ ကျောင်းသူများ စာဖတ်သည့်အလေ့အကျင့်များ ရရှိစေရန်နှင့် စာပေဝါသနာပါသူအချင်းချင်းရင်းနှီးစေရန်အတွက် Book Club အဖွဲ့ဝင်များ နှင့်ပူးပေါင်း၍ စာရေးဆရာ လူထုစိန်ဝင်း ရေးသားသော “မျှော်လင့်ချက်မဲ့အခြေအနေဆိုတာ မရှိဘူး” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက မြို့ဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အမရပူရ၌ လူငယ်ရေးရာဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲပြုလုပ်

 မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့ ပြဿဒ်ကြီးအခြေခံပညာမူလတန်းကျောင်းတွင် ယနေ့နံနက် ၁၀ နာရီအချိန်ကအခြေခံပညာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်းပြီး လူငယ်ရေးရာဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ပြုလုပ်ခဲ့သည်။

ပလောက်မြို့၌ ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေများ ရှင်းလင်းဆွေးနွေး

ပုလောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏လမ်းညွှန်မှုဖြင့် ပြည်သူ့စစ်မှုထမ်း ဥပဒေ၊ နည်းဥပဒေများ ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက ပလောက်မြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မြစ်သားမြို့နယ်တွင် ဌာနဆိုင်ရာဝန်ထမ်းများအား စားအုန်းဆီ ၁ ပိဿာလျှင် ၈၅၀၀/-ကျပ်နှုန်းဖြင့် ဈေးနှုန်းချိုသာစွာရောင်းချပေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မြန်မာနိုင်ငံဆီကုန်သည် ဆီလုပ်ငန်းရှင်များအသင်းနှင့် ခရိုင်စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ မြစ်သားမြို့နယ်ရှိ ဌာနဆိုင်ရာဝန်ထမ်းများအား ဈေးနှုန်းချိုသာစွာစားသုံးနိုင်ရန်အတွက် မြို့နယ်ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့တို့ကကြီးကြပ်၍ စားအုန်းဆီ(၁) ပိဿာလျှင် ၈၅၀၀/-ကျပ်နှုန်းဖြင့် ရှမ်းပွဲရပ်ကွက်ရှိ ဒေါ်ဇာဇာကုန်ဆုံဆိုင်ရှေ့တွင် ယနေ့နံနက်ပိုင်းအချိန်က ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ဘုတ်ပြင်းမြို့တွင် တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား၊ ကျောင်းသူ ၂၁၆ ဦးဝင်ရောက် ဖြေဆိုမည်

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်တွင်  ၂၀၂၅ ခုနှစ် ၊ မတ်လ(၁၇)ရက်နေ့ တွင်ကျင်းပပြုလုပ်မည့် တက္ကသိုလ်ဝင်ခွင့်စာပေးပွဲ၌ အ.ထ.က-ဘုတ်ပြင်း စာစစ်ဌာနတွင်  ကျောင်းသား၊ ကျောင်းသူဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။

ချမ်းအေးသာစံမြို့နယ်တွင် မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်း (မန္တလေးတိုင်းဒေသကြီး) ကျွမ်းကျင်အဆင့် အိမ်ခြံမြေဝန်ဆောင်မှု အခြေခံပညာသင်တန်း ဖွင့်လှစ်

မန္တလေတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးမြို့တော်ခန်းမတွင် ကျွမ်းကျင်အဆင့် အိမ်ခြံမြေဝန်ဆောင်မှု အခြေခံပညာသင်တန်းကို ဖေဖော်ဝါရီက ၁၈ ရက်နေ့ နံနက် ၈ နာရီခွဲက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကလေးမြို့၌ ယာဉ်အန္တရာယ်ကင်းဝေးစေရေး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးလုပ်ငန်းများဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့၌ အမှတ် (၁၀၈) ယာဉ်ထိန်းရဲတပ်ဖွဲ့စု (ကလေး) တာဝန်ရှိသူများသည် ကလေးလေဆိပ်ရှေ့ ဗိုလ်ချုပ်လမ်းမကြီးဘေးတွင်  ယနေ့နံနက်ပိုင်းက ဆိုင်ကယ်ဦးထုပ်မဆောင်းသူအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟောပြောခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to