ရန်ကင်းမြို့နယ် အမှတ်(၄)အခြေခံပညာအလယ်တန်းကျောင်းမှ KG ကျောင်းသား၊ ကျောင်းသူများအား အာဟာရကျွေးမွေး
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် ကျောင်းနေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုးတိုးတက်စေရေးအစီအစဉ်ဖြင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာကျောင်းတို့ပူးပေါင်းကာ KG ကလေးငယ်များ ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းကို ယမန်နေ့နံနက်ပိုင်းမှစတင်၍ အခြေခံပညာကျောင်းများ၌ ဆောင်ရွက်ခဲ့သည်။