ချမ်းမြသာစည်မြို့နယ်၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ မန္တလေးလျှပ်စစ်ဓါတ်အားပေးရေးကော်ပိုရေးရှင်း၊ မြို့နယ်လျှပ်စစ်ရုံးတွင် မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောခြင်းနှင့်  ရှေးဦးမီးငြှိမ်းသတ်ရေး လက်တွေ့သရုပ်ပြဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်၊ မြို့နယ်မီးသတ်ဦးစီးဌာနသည် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ မန္တလေးလျှပ်စစ်ဓါတ်အားပေးရေး ကော်ပိုရေးရှင်း၊ မြို့နယ်လျှပ်စစ်ရုံးရှိ ဝန်ထမ်းများအား မီးဘေးအန္တရာယ်ဖြစ်ပွားမှု မရှိစေရေးအတွက် မီးဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး‌ဟောပြောခြင်းနှင့် ရှေးဦးမီးငြှိမ်းသတ်ရေး လက်တွေ့သရုပ်ပြမှုများအား ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ပေါင်းတည်၌ မတ်ပဲစံပြကွက်အား စံကွက်ရိတ်သိမ်း

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ မြို့နယ်စိုက်ပျိုးမွေးမြူမှုကြီးကြပ်‌ရေးကော်မတီက ၂၀၂၄-၂၀၂၅ ခုနှစ်၊ ဆောင်းသီးနှံများ ပန်းတိုင်အထွက်နှုန်းပြည့်မီကျော်လွန်ထွက်ရှိရေးအတွက် TBL-9 မတ်ပဲ စံပြကွက်အား စံကွက်ရိတ်သိမ်းခြင်းကို ဖေဖော်ဝါရီ ၁၆ ရက် နံနက်ပိုင်းက လက်ပံပါးပျဉ်းကျေးရွာတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

မူဆယ်မြို့၌ ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် ထောက်ပံ့ငွေများပေးအပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ စုပေါင်းရုံးအစည်းအဝေးခန်းမ၌ ယာယီနေရပ်စွန့်ခွာပြည်သူများနှင့် ယာယီနေရပ်စွန့်ခွာ နိုင်ငံ့ဝန်ထမ်းများအတွက် ထောက်ပံ့ငွေများကို ယမန်နေ့ နေ့လယ် (၁) နာရီအချိန်က ပေးအပ်ခဲ့ကြောင်း သိရသည်။

မရှိ၍မလင်းသူမရှိစေရအစီအစဉ်ဖြင့် ရန်ကုန်အနောက်ပိုင်းပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများကိုယ်တိုင် လှည်းကူးမြို့နယ်သို့ ကွင်းဆင်းလာရောက်ကုသ

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်ပြည်သူ့ဆေးရုံကြီးတွင် ယမန်နေ့နံနက် ၈ နာရီကစတင်၍ မျက်စိအနီးမှုန်ခြင်း၊ အဝေးမှုန်ခြင်းနှင့် မျက်စိနှင့်ပတ်သက်၍ ရောဂါဝေဒနာခံစားနေရသူများအား ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့တို့ပူးပေါင်း၍ မရှိ၍မလင်းသူမရှိစေရအစီအစဉ်ဖြင့် ရန်ကုန်အနောက်ပိုင်းပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများကိုယ်တိုင် ကွင်းဆင်းလာရောက်ကုသပေးလျက်ရှိကြောင်း သိရသည်။

ရန်ကင်းမြို့နယ်၌ ဒွါဒသမအကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ စူဠဘွဲ့နှင်းသဘင် ဆင်ယင်ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ် ရှေးဟောင်းသမိုင်းဝင် မိုးကောင်းဆုတောင်းပြည့်စေတီတော်ဝင်းအတွင်းရှိ အရိယာဓမ္မာရုံကြီးတွင် ဖေဖော်ဝါရီ ၁၆ ရက် မွန်းလွဲ ၁ နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်မှုဖြင့် ဒွါဒသမအကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာစူဠဘွဲ့နှင့်သဘင်အခမ်းအနားကို ကျင်းပခဲ့သည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း (၇၈) နှစ်မြောက်ပြည်ထောင်စုနေ့ ဂုဏ်ပြုညစာစားပွဲအခမ်းအနားနှင့် MSME ထုတ်ကုန်ပြပွဲတို့၌ ဖျော်ဖြေတင်ဆက်ခဲ့သော ရခိုင်တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအကအဖွဲ့အား ဂုဏ်ပြုပွဲအခမ်းအနားတက်ရောက်

(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ ဂုဏ်ပြုညစာစားပွဲအခမ်းအနားနှင့် MSME ထုတ်ကုန်ပြပွဲတို့၌ ဖျော်ဖြေတင်ဆက်ခဲ့သော ရခိုင်တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအကအဖွဲ့အား ဂုဏ်ပြုပွဲအခမ်းအနားကို ယမန်နေ့နေ့လယ်ပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးအစည်း အဝေးခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်ဆွေဆွေမြတ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများတက်ရောက်ပြီး ဌာနဆိုင်ရာရုံးများ၊ ရခိုင်တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအကအဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။

ရန်ကင်းမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများသို့ မီးဘေးလုံခြုံရေးစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများသို့ မီးဘေးလုံခြုံရေးစစ်ဆေးခြင်းများကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က မြို့နယ်မီးသတ်ဦးစီးမှူးဦးထိန်လင်းဦးဆောင်၍ စစ်ဆေးဆောင်ရွက်ခဲ့သည်။

ပဲခူးမြို့တွင် နွေရာသီအခြေခံအားကစားသင်တန်းကို အားကစားနည်း (၁၁) မျိုးဖြင့် ဖွင့်လှစ်သင်ကြားပေးမည်

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ပဲခူးတိုင်းဒေသကြီးအားကစားနှင့် ကာယပညာဦးစီးဌာနမှ နွေရာသီအခြေခံအားက စားသင်တန်းများကို မတ်လ (၁) ရက်နေ့မှ မတ်လ (၃၁) ရက်နေ့အထိ အားကစားနည်း (၁၁) မျိုးဖြင့် ဖွင့်လှစ်သင်ကြား ပေးသွားမည်ဖြစ်သည်။

ဖြူးမြို့နယ်တွင် မိသားစုတစ်ပိုင်တစ်နိုင်အဖြစ် ဝါးဖက်ခမောက်လုပ်ငန်း ရက်လုပ်ရောင်းချမှု တွင်ကျယ်လျက်ရှိ

ပဲခူးတိုင်း​ဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ညောင်ကားယားကျေးရွာအုပ်စု၊ ညောင်ကားယားကျေးရွာရှိ MSME အသေးစားလုပ်ငန်းတစ်ခုဖြစ်သည့် မြန်မာ့ရိုးရာဝါးဖက်ခမောက်လုပ်ငန်းသည် မိသားစုတစ်ပိုင်တစ်နိုင်အနေဖြင့် လုပ်ကိုင်ရောင်းချရာမှာ လက်ရှိအခြေအနေအရ စျေးကွက်ဝင်တွင်ကျယ်လျက်ရှိကြောင်း သိရသည်။

ကြည့်မြင်တိုင်မြို့နယ် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းတွင် အာဟာရကျွေးမွေးခြင်းလုပ်ငန်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်၌ မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာရေးဌာနဦးစီးဌာနတို့ပူးပေါင်း၍ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် Grade-1 ကျောင်းသား/ကျောင်းသူများအား ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
Subscribe to