ငဖဲမြို့နယ် ပေါင်းကလေးကျေးရွာ (အ.လ.က-ခွဲ)တွင် အားကစားနှင့်လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းပြီး လူငယ်လူရွယ်များဗလငါးတန်နှင့်ပြည့်စုံစေရန် ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၉ နာရီက ပေါင်းကလေးကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ ကျင်းပပြုလုပ်ခဲ့သည်။

မက်မန်းမြို့နယ်၌ မီးဘေးလုံခြုံရေး ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ် “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ် မီးသတ်ဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွင်း ကျောင်းသား/ကျောင်းသူများ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုနေစဉ်ကာလအတွင်း မီးလောင်မှု၊ မီးလန့်မှုများ မဖြစ်ပွားစေရေးအတွက် ယမန်နေ့ နံနက် ၉ နာရီအချိန်က မက်မန်းမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် မီးဘေးလုံခြုံရေး စစ်ဆေး အကြံပေးခြင်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ကျိုင်းတုံမြို့၌ ဘဏ္ဍာရေးဆိုင်ရာလုပ်ငန်းခွင်(မွမ်းမံ)သင်တန်းအမှတ်စဉ် (၁/၂၀၂၅) ဖွင့်ပွဲအခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ပြည်နယ်ဒုတိယရဲတပ်ဖွဲ့(ကျိုင်းတုံ)မှ ကြီးမှူးဖွင့်လှစ်သည့် ဘဏ္ဍာရေးဆိုင်ရာလုပ်ငန်းခွင်(မွမ်းမံ)သင်တန်း အမှတ်စဉ် (၁/၂၀၂၅)ဖွင့်ပွဲကို  ယမန်နေ့က ကျိုင်းတုံခရိုင် ရဲတပ်ဖွဲ့မှူးရုံးတွင် ကျင်းပခဲ့သည်။

သာယာဝတီမြို့နယ်၌ အမျိုးသမီးများနှင့်သဘာဝပတ်ဝန်းကျင် အသိပညာပေး ဟောပြောပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊  အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ သဘာဝပတ်ဝန်းကျင်နှင့်ပတ်သက်၍ အသိပညာဗဟုသုတများ တိုးပွားလာစေရန်၊ သဘာဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုးတတ်စေရန်အတွက် အမျိုးသမီးများနှင့် သဘာဝပတ်ဝန်းကျင် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီက သာယာဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ကျင်းပခဲ့‌​သည်။

မြို့သစ်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နယ်လှည့်စာကြည့်တိုက်နှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့နေ့လယ်ပိုင်းက မြို့သစ်မြို့နယ်၊ တပ်ကုန်း(မ)ကျေးရွာအခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ပျော်ဘွယ်မြို့နယ်တွင် လူငယ်နှင့်အားကစားကဏ္ဍမြှင့်တင်ရေး အသိပညာပေး Talk Show ကျင်းပ

ပျော်ဘွယ်မြို့နယ်တွင် လူငယ်နှင့်အားကစားကဏ္ဍမြှင့်တင်ရေး အသိပညာပေး Talk Show ကျင်းပ ပျော်ဘွယ် ဖေဖော်ဝါရီ ၁၈ မင်းမင်းထွေး(ပျော်ဘွယ်)

ကျောင်းကုန်းမြို့နယ် အ.ထ.က ဒေါင့်ကြီးကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ကျောင်းကုန်းမြို့နယ်၊ ဒေါင့်ကြီးကျေးရွာအုပ်စု၊ ဒေါင့်ကြီးအခြေခံပညာအထက်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် လူငယ်ရေးရာကော်မတီမှ ကြီးမှူးကျင်းပသည့် လူငယ်စကားဝိုင်းကို ယနေ့နံနက် ၁၀ နာရီ မိနစ် အချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။

ဒေသထွက် ဓနိများ ရောင်းအားကောင်းမွန်၍ မိသားစုစားဝတ်နေရေးအဆင်ပြေပြီး ဝင်ငွေအပိုရရှိ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင် ဒေသထွက်ဓနိများ ရောင်းအားကောင်းမွန်၍ မိသားစုစားဝတ်နေရေးအဆင်ပြေပြီး ဝင်ငွေအပိုရရှိကြောင်း သိရသည်။
Subscribe to