လယ်ဝေး ဖေဖော်ဝါရီ ၁၈
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများအား နေပြည်တော်ကောင်စီမှ လှူဒါန်းသည့် ဆန်၊ ကြာဇံအိတ်နှင့် စောင်များအား ယမန်နေ့ နေ့လယ်ပိုင်းက နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးနှင့် တာဝန်ရှိသူများက သွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးသည် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးစဝီလီဖရန့်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ လယ်ဝေးမြို့နယ်၊ ပျံချီကျေးရွာ၊ သီရိပျံချီကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တသာဂရ ထံနေပြည်တော်ကောင်စီမှ လှူဒါန်းသည့် ဆန်အိတ် (၁၀) အိတ်၊ ကြာဇံအိတ် (၅) အိတ်၊ ဂွမ်းစောင် (၉) ထည်၊ စောင်မဲ (၁၂) ထည်တို့အား ဆက်ကပ်လှူဒါန်းသည်။
ဆက်လက်၍ လယ်ဝေးမြို့၊ အေလာတိဏ္ဏဘုရား ဆရာတော်ဘဒ္ဒန္တဝိလာသ ထံ ဆန်အိတ် (၅) အိတ်၊ ကြာဇံအိတ် (၅) အိတ်၊ ဂွမ်းစောင် (၉) ထည်၊ စောင်မဲ (၁၂) ထည်တို့အား ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)