မီးဘေးလုံခြုံရေးအသိပညာပေးဟောပြောပွဲနှင့်ဇာတ်တိုက်လေ့ကျင့် သရုပ်ပြပွဲပြုလုပ်

ရမည်းသင်း ဖေဖော်ဝါရီ ၁၈

ရမည်းသင်းခရိုင်၊ ရမည်းသင်းအကျဉ်းထောင်၌ ခရိုင်မီးသတ်ဦးစီးဌာနမှ မီးဘေးလုံခြုံရေးအသိပညာပေးဟောပြောပွဲနှင့် ဇာတ်တိုက်လေ့ကျင့် သရုပ်ပြပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ရမည်းသင်းခရိုင် မီးသတ်ဦးစီးဌာနမှ  လက်ထောက်ညွှန်ကြားရေးမှူး  ဦးအောင်ခင်ဆင့်က အကျဉ်းဦးစီးဌာနရှိ ဝန်ထမ်းများ၊ မိသားစုဝင်များကို မီးဘေးလုံခြုံရေးနှင့်ပတ်သက်၍ အသိပညာပေးဟောပြောခဲ့သည်။

ထို့နောက် ရမည်းသင်းခရိုင် ဦးစီးအရာရှိ ဦးထွန်းထွန်းဇော်နှင့်တပ်ဖွဲ့ဝင်များ၊  မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသူရလင်းနှင့်သန္ဓေတပ်ဖွဲ့ဝင်များက  4N-5729 မီးငြှိမ်းသတ်ယာဥ် (၁) စီး၊ အုပ်ချုပ်မှုယာဉ် (၁) စီးတို့ဖြင့် အကျဉ်းထောင် မီးဘေးလုံခြုံရေး၊ ဌာနတွင်း မီးဘေးလုံခြုံရေးအတွက် မီးသတ်ဆေးဘူးများဖြင့် လက်တွေ့မီးငြှိမ်းသတ်ခြင်း၊ မီးသတ်ကားဖြင့် ဆီမီးငြှိမ်းသတ်ရေးသရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခြင်း၊ အကျဉ်းဦးစီးဌာနရှိ ဝန်ထမ်းလိုင်းခန်းများအား မီးဘေးကြိုတင်ကာကွယ်ရေးအတွက် လှည့်လည်ကြည့်ရှုစစ်ဆေးအကြံပြု ပေါင်းစပ် ညှိနှိုင်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

မြတ်နိုးသူ(ခရိုင်ပြန်/ဆက်)