မြင်းခြံမြို့ အ.ထ.က-ခွဲ (အလင်းရောင်) ကျောင်း၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောပွဲ ပြုလုပ်

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ အ.ထ.က-ခွဲ (အလင်းရောင်) ကျောင်းတွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ‌ဟောပြောပွဲကို ယနေ့နေ့လယ် (၁) နာရီ အချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရန်ကင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ Grade (1) ကျောင်းသား၊ ကျောင်းသူ (၅၈၅) ဦးအား အာဟာရကျွေးမွေး

ရန်ကုန်တိုင်း‌ဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် ကျောင်းနေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုးတိုးတက်စေရေး အစီအစဉ်ဖြင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာကျောင်းတို့ပူးပေါင်းကာ Grade (1) ကျောင်းသား၊ ကျောင်းသူများအား ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းကို ယနေ့နံနက်ပိုင်းမှစတင်၍ အခြေခံပညာကျောင်းများ၌ ဆောင်ရွက်ခဲ့သည်။

ရမည်းသင်းမြို့နယ်၌ လူဦးရေစာရင်းများ မှန်ကန်ပြည့်စုံစေရေး စစ်ဆေးခြင်းများ ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ရမည်းသင်းမြို့နယ်၊ မြေပြင်လူဦးရေစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီမှ မြို့နယ်အတွင်းရှိ လူဦးရေစာရင်းမှန်ကန်စေရေး မြေပြင်ကွင်းဆင်းစာရင်းစိစစ်မှုများအား တစ်မြို့နယ်လုံးအတိုင်းအတာဖြင့် ဆောင်ရွက်လျက် ရှိရာ ဖေဖော်ဝါရီ ၁၈ ရက် နံနက်ပိုင်းက အောင်မင်္ဂလာရပ်ကွက်ကြီး၊‌ ရွှေစည်ခုံရပ်ကွက်ကြီး၊ မြို့မရပ်ကွက်ကြီးအတွင်းရှိ ရပ်ကွက်များတွင် ကွင်းဆင်းဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများအား တာဝန်ရှိသူများ ကွင်းဆင်းကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကော့မှူးမြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ စာပေချစ်မြတ်နိုးသူများ၊ Book Club အသင်းအဖွဲ့ဝင်များ စာပေဝါသနာရှင်များနှင့် စာဖတ်ဝိုင်းကို ယမန်နေ့ည‌နေ (၄) နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီ၏ပဉ္စမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာကြီးကြပ်မှုကော်မတီ၏ပဉ္စမအကြိမ် လုပ်ငန်းညှိနှိုင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မီးလောင်မှု Hostpot အရေအတွက် များပြားနေခြင်းကိုလျှော့ချနိုင်ရေး၊ မီးခိုးမြူငွေ့ညစ်ညမ်းမှု ထိန်းချုပ်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီ အချိန်က စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ကျင်းပပြုလုပ်ရာ စစ်ကိုင်းတိုင်းဒေသကြီး ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်း၊ ကော်မတီအတွင်းရေးမှူးနှင့် ကော်မတီ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
Subscribe to