ပလောက် ဖေဖော်ဝါရီ ၁၈
ပုလောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏လမ်းညွှန်မှုဖြင့် ပြည်သူ့စစ်မှုထမ်း ဥပဒေ၊ နည်းဥပဒေများ ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက ပလောက်မြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် ပလောက်မြို့ မြို့အုပ်ချုပ်ရေးမှူး ဦးဟိန်းမင်းအောင်က ဝန်ထမ်းများအနေဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေများကို သိရှိနားလည်ထားမှ ပြည်သူများကို လက်ဆင့်ကမ်းမျှဝေပေးနိုင်မည်ဖြစ်ကြောင်းနှင့် ပြည်သူ့စစ်မှုထမ်း ဥပဒေ၊ နည်းဥပဒေပြဌာန်းချက်များ၊ မြို့နယ်အဖွဲ့၏လုပ်ငန်းတာဝန်များ၊ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး၊ တက်ရောက်လာကြသည့် ဝန်ထမ်းကသိရှိလိုသည်များကို မေးမြန်းခဲ့ရာ သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ဆွေးနွေးခဲ့ကြကြောင်းနှင့် အဆိုပါပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်း ဥပဒေဆွေးနွေးခြင်းအခမ်းအနားကို ပလောက်မြို့အတွင်းရှိ ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ထမ်း (၃၂) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
နှင်းမြူလွင်(ပလောက်)