ကလေးမြို့၌ ယာဉ်အန္တရာယ်ကင်းဝေးစေရေး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးလုပ်ငန်းများဆောင်ရွက်

 ကလေး ဖေဖော်ဝါရီ ၁၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့၌ အမှတ် (၁၀၈) ယာဉ်ထိန်းရဲတပ်ဖွဲ့စု (ကလေး) တာဝန်ရှိသူများသည် ကလေးလေဆိပ်ရှေ့ ဗိုလ်ချုပ်လမ်းမကြီးဘေးတွင်  ယနေ့နံနက်ပိုင်းက ဆိုင်ကယ်ဦးထုပ်မဆောင်းသူအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟောပြောခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကလေးမြို့တွင် ပြည်သူများ ယာဉ်အန္တရာယ်ကင်းဝေးစေရေး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ဆိုင်ကယ်ဦးထုပ်မဆောင်းသူအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာများနှင့် ယာဉ်မောင်းသူများအနေဖြင့် အရက်သေစာသောက်စားမောင်းနှင်ခြင်း၊ အရှိန်ပြင်းစွာမောင်းနှင်ခြင်း၊ ယာဉ်တစ်စီးနှင့် တစ်စီးကျော်တက်ခြင်း၊ ဖုန်းပြော၍ မောင်းနှင်ခြင်းများမပြုလုပ်ကြရန်နှင့် အသိပညာပေးပြောကြားခဲ့ပြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး လက်ကမ်းစာစောင်များအား ဖြန့်ဝေခဲ့သည်။

ခရိုင်(ပြန်/ဆက်)