အမရပူရ ဖေဖော်ဝါရီ ၁၈
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့ ပြဿဒ်ကြီးအခြေခံပညာမူလတန်းကျောင်းတွင် ယနေ့နံနက် ၁၀ နာရီအချိန်ကအခြေခံပညာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်းပြီး လူငယ်ရေးရာဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ပြုလုပ်ခဲ့သည်။
ဦးစွာ ပြဿဒ်ကြီး အခြေခံပညာမူလတန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်တင့်တင့်ခိုင်ကအမှာစကားပြောကြားခဲ့သည်။ ဆက်လက်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမျိုးမင်းက လူငယ်ရေးရာခေါင်းစဥ်အောက်မှ ကျောင်းသား၊ ကျောင်းသူများ အသိပညာရရှိစေရန် ဗလငါးတန်နှင့်ပြည့်စုံစေရန်တို့အတွက် လိုက်နာရမည့်အချက်များကို ရှင်းလင်းဟောပြောပေးခဲ့သည်။ ဆက်လက်ပြီး ကျောင်းသား၊ ကျောင်းသူလေးများက ပြသထားသော နံရံကပ်စာစောင်များနှင့် စာအုပ်စာစောင်များကို လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
စိုးသီဟ(အမရ)