ကြံခင်းမြို့မစျေးကြီးတွင် စားအုန်းဆီရောင်းချသည့် စျေးဆိုင်များအား တာဝန်ရှိသူများက ရှောင်တခင်စစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့မစည်ပင်သာယာရေးစျေးကြီးအတွင်း စားအုန်းဆီရောင်းချလျက်ရှိသည့် ဆိုင်များအား ယနေ့နံနက်ပိုင်းက စုပေါင်းအဖွဲ့တို့မှ ရှောင်တခင်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

ဟိုပုံးမြို့နယ်တွင် အားကစားကဏ္ဍဖွံ့ဖြိုးရေးအတွက် နွေရာသီအခြေခံအားကစားနည်း (၇)မျိုး အခမဲ့ သင်ကြားပေးမည်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်တွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ နွေရာသီကျောင်းပိတ်ရက်အတွင်း ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များအနေဖြင့် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ ကျန်းမာပျော်ရွှင်ကာ အားကစားကဏ္ဍဖွံ့ဖြိုးပြီး နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ နွေရာသီအခြေခံအားကစားနည်း (၇)မျိုး အခမဲ့သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။

ဟိုပုံးမြို့နယ်တွင် ပြန်ကြားရေးဝန်ကြီးဌာနမှပေးအပ်သော DTH စလောင်းများနှင့် အပ် Set Top Box များခွဲဝေပေးအပ်

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်တွင် ပြန်ကြားရေးဝန်ကြီးဌာနမှ ပေးအပ်သော DTH စလောင်းများနှင့် Set Top Box များခွဲဝေပေးအပ်ခြင်းကို ယနေ့နံနက် (၁၀) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှဦးဆောင်၍ ၂၀၂၅ ခုနှစ်၊ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားအား စည်ကားသိုက်မြိုက်စွာကျင်းပ

ပဲခူးမြို့၊ ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီး ယာဉ်ရပ်နားကွင်း၌ ယမန်နေ့ ညနေပိုင်းက ၂၀၂၅ ခုနှစ်၊ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီး ဒေါ်စိုးစိုးသက်၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်၊ ကျေးရွာအုပ်စုများမှ ပြိုင်ပွဲဝင်များ ဒေသခံပြည်သူများ စုစုပေါင်း လူဦးရေ (၃၅၀၀) ကျော် တက်ရောက်ခဲ့သည်။

ကော့သောင်းမြို့တွင်  ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ရွှေပြည်စိုးကျေးရွာရှိ အ.လ.က(ခွဲ) (၇)မိုင်​ကျောင်း၌ ပြုလုပ်ခဲ့သည်။

ကြံခင်းမြို့နယ်၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို  အခြေခံပညာအလယ်တန်းကျောင်း (ရေလယ်ကျွန်း)တွင်ပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ ရေလယ်ကျွန်းကျေးရွာအုပ်စုရှိ အခြေခံပညာအလယ်တန်းကျောင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာ ဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့တို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး နှင့်လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်လာပြီး ဗလငါးတန်ပြည့်စုံလာစေရန်ရည်ရွယ်ကာ ယနေ့နံနက်ပိုင်းက လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို အဆိုပါကျောင်းရှေ့ခန်းမ၌ ပြုလုပ်သည်။

ပလောက်မြို့တွင် အသက် (၂) နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းများ ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့တွင်းရှိ အသက် (၂) နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို ယနေ့နံနက် (၈) နာရီခွဲအချိန်က ပလောက်မြို့ တိုက်နယ်ကျန်းမာရေးဌာနတွင် ထိုးနှံတိုက်ကျွေးပေးခဲ့ကြောင်း သိရသည်။

ငဖဲမြို့နယ်၌ နွေသီးနှံများစိုက်ပျိုးရာသီတွင် နွေစပါးနှင့်နွေနှမ်း (၁၇၀၃) ဧက လျာထားစိုက်ပျိုးမည်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၌ ၂၀၂၅ ခုနှစ် နွေသီးနှံများ စိုက်ပျိုးရာသီတွင် နွေစပါး (၁၂၇၁) နှင့်နွေနှမ်း (၄၃၂) ဧက စုစုပေါင်း ၁၇၀၃ ဧက လျာထားစိုက်ပျိုး ဆောင်ရွက်သွားမည်ဖြစ်ရာ ဒေသခံတောင်သူများအနေဖြင့် ဖေဖော်ဝါရီ ဒုတိယပတ်မှ စတင်၍ ထွန်ယက်ဆောင်ရွက်နေကြပြီဖြစ်ကြောင်း သိရသည်။

တောင်တွင်းကြီးမြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်၌ မြို့နယ်မီးသတ်ဦးစီးဌာနအနေဖြင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ၊ နိုင်ငံပိုင်အဆောက်အဦများ မီးလောင်ဆုံးရှုံးမှုမဖြစ်ပွားစေရေးနှင့် မီးဘေးလုံခြုံရေးအတွက် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇင်ဦးနှင့် အဖွဲ့ဝင်များက ကြီးကြပ်၍ မြို့နယ်မီးသတ်ဦးစီးမှူး ဦးစောမောင် ဦးဆောင်မှုဖြင့် တပ်ဖွဲ့ဝင်များအား တာဝန်ခွဲဝေကာ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ၊ စည်ပင်သာယာရေးအဖွဲ့များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့်ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက တောင်တွင်းကြီးမြို့နယ်အတွင်းရှိ ဆေးရုံ၊ ဆေးခန်းများ၊ ဆေးဆိုင်များနှင့် ဆေးပစ္စည်းများ ထားရှိသိုလောင်သည့် ဂိုထောင်များသို့ မီးဘေးလုံခြုံရေးအတွက် ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ကျိုက်လတ်၌ မီးဘေးကြိုတင်ကာကွယ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သရုပ်ပြလေ့ကျင့်ခြင်းများဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် မီးဘေးကြိုတင်ကာကွယ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သရုပ်ပြလေ့ကျင့်ခြင်းများကို ယနေ့နံနက်(၉)နာရီက Wilmar Myanmar Riceland Kyaiklat Limited ပေါင်းဆန်စက်ရုံ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to