ဘုတ်ပြင်းမြို့တွင် တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား၊ ကျောင်းသူ ၂၁၆ ဦးဝင်ရောက် ဖြေဆိုမည်

ဘုတ်ပြင်း   ဖေဖော်ဝါရီ   ၁၈

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်တွင်  ၂၀၂၅ ခုနှစ် ၊ မတ်လ(၁၇)ရက်နေ့ တွင်ကျင်းပပြုလုပ်မည့် တက္ကသိုလ်ဝင်ခွင့်စာပေးပွဲ၌ အ.ထ.က-ဘုတ်ပြင်း စာစစ်ဌာနတွင်  ကျောင်းသား၊ ကျောင်းသူဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။

ဘုတ်ပြင်းမြို့နယ်၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းတွင်းဖြေဆိုသူ (၁၈၀) ဦး၊ ပြင်ပဖြေဆိုသူ (၃၆) ဦး၊ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ(၂၁၆)ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ပြီး ဘာသာတွဲအနေဖြင့်  STEAMS-1 တွင် (၁၄)  ဦး၊ STEAMS-2 တွင် (၂၀၂) ဦး၊ ရှိရာ  ဘုတ်ပြင်းမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အ.ထ.က-ဘုတ်ပြင်းစာစစ်ဌာန တစ်ခုတည်းတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

 မြို့နယ်(ပြန်/ဆက်)