တောင်တွင်းကြီးမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းသား/ကျောင်းသူများ နှစ်ဆုံးတတ်မြောက်မှုစာမေးပွဲများ ဖြေဆို

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းသား/ကျောင်းသူများ နှစ်ဆုံးတတ်မြောက်မှု(ကျောင်းတွင်းစစ်)စာမေးပွဲများကို ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှ စတင်၍ ဖြေဆိုကြောင်း သိရသည်။

သံတောင်ကြီးမြို့တွင်  ပေါ်ဦးပေါ်ဖျားဆူးပုတ်ရွက်များ  ဈေးကောင်းရရှိ

ကရင်ပြည်နယ်၊ သံတောင်ကြီးဒေသသည် တောင်ပေါ်ဒေသဖြစ်ပြီး ဥယျာဉ်ခြံလုပ်ငန်းများကိုအဓိကလုပ်ကိုင်လျက်ရှိရာ ဒေသခံပြည်သူ များသည်  မိမိတို့၏  ဥယျာဉ်ခြံများအတွင်းတွင်ဆူးပုတ်ပင်များ စိုက်ပျိုးပြီး တစ်ချို့ဆူးပုတ်ပင်များမှာ သဘာဝအတိုင်းပေါက်ရောက်လျက်ရှိသည်။ ယခုအချိန်တွင် အရွက်နုများ စတင်ထွက်ရှိလာပြီး စားသုံးရန်သင့်လျော်ပြီဖြစ်သည့် ပေါ်ဦးပေါ်ဖျားဆူးပုတ်ရွက်များကို ဒေသခံပြည်သူများက  လိုက်လံဆွတ်ခူးရောင်းရာတွင်ဈေးကောင်းရရှိကြောင်းသိရသည်။

လှိုင်မြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းပင်စင်စားအငြိမ်းစားများအား စားသုံးဆီတစ်ပိဿာလျှင် ၈၃၀၀ ကျပ်နှုန်းဖြင့် ရောင်းချပေး

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ်၌ စားအုန်းဆီအိမ်တိုင်ရာရောက် ဖြန့်ဖြူးရောင်းချရေးကော်မတီ၏ စီစဉ်ကြီးကြပ်မှုဖြင့်  နိုင်ငံ့ဝန်ထမ်းပင်စင်စားအငြိမ်းစားများအား ဖေဖော်ဝါရီလ  ၂၀ ရက်မှ  ၂၄ ရက်အထိ မြို့နယ်ကမာရွတ်ဘဏ်ခွဲတွင် ဖြန့်ဖြူးရောင်းချပေးခဲ့ကြောင်း သိရသည်။

ငပုတောမြို့နယ် စမ်းချောင်းစဉ့်အိုးဖိုကျေးရွာတွင် စားသုံးသူရေးရာအသိပညာပေး ဟောပြောပွဲပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် စမ်းချောင်းစဉ့်အိုးဖိုကျေးရွာအုပ်စုတွင် ယမန်နေ့မွန်းလွဲပိုင်းက စားသုံးသူရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ရာ စမ်းချောင်းစဉ့်အိုးဖို့ကျေးရွာအုပ်စုမှ ဒေသခံပြည်သူများတက်ရောက်ကြကြောင်း သိရသည်။

ပျဉ်းမနားမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ (Book Club)အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်း ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် စာရေးဆရာ‌ နတ်သျှင်ရွှေဂူရေးသားသည့် “လူငယ်များ၏ ရွှေရောင်မနက်ဖြန်” စာအုပ်အား စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

လှိုင်မြို့နယ်တွင် အမျိုးသမီးအကြမ်းဖက်မှုကာကွယ်နှိမ်နင်း​ရေး အသိပညာ​ပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ်ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူး​ပေါင်း၍  ​​အမျိုးသမီးအကြမ်းဖက်မှုကာကွယ်နှိမ်နင်း​ရေး အသိပညာ​ပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက် ၉ နာရီအချိန်က အမှတ်(၂၂)အခြေခံပညာမူလတန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

သံတောင်ကြီးမြို့နယ် အခြေခံပညာကျောင်းများ၌ ၂၀၂၄-၂၀၂၅ပညာသင်နှစ် နှစ်ဆုံးကျောင်းတွင်းစစ်ဆေးခြင်း စာမေးပွဲ ဖြေဆို     

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် အခြေခံပညာကျောင်းများ၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် နှစ်ဆုံးကျောင်းတွင်းစစ်ဆေးခြင်းစာမေးပွဲကို ဖေဖော်ဝါရီလ (၂၀) ရက်နေ့မှ (၂၆)ရက်နေ့အထိ စစ်ဆေးသွားမည်ဖြစ်ရာ စတုတ္ထနေ့ (ပထဝီဝင်) ဘာသာရပ်အား ယနေ့နံနက်(၉) နာရီအချိန်တွင် သံတောင်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် Grade – 4 ၊ Grade – 6 ၊ Grade – 7 ၊ Grade – 8၊ Grade – 10 ၊ Grade – 11 ကျောင်းသား/ကျောင်းသူများက အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။         

လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး နံရံကပ်ပြဘုတ်၌ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်ပြသ

သန်းပေါင်းများစွာသော ကလေးများသည် အန္တရာယ်များသော အလုပ်များကို လုပ်ကိုင်နေကြရပြီး အလွဲသုံးစားပြုခြင်းနှင့် လုပ်အားခေါင်းပုံ ဖြတ်ခြင်းကိုလည်းခံနေကြရကြောင်း ဒေသနေပြည်သူများနှင့် ကျောင်းသား၊ကျောင်းသူများ သိရှိနိုင်စေရန်ရည်ရွယ်၍ ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့နံရံကပ်ပြဘုတ်၌ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်ကို ယမန်နေ့နံနက်ပိုင်းက ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့သစ်မြို့နယ်တွင် ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် ထောက်ပံ့ငွေ ပေးအပ်

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက မြို့သစ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မင်းလှမြို့နယ်တွင် ထန်းကိုင်းကျေးရွာတွင်‌ ရွှေဖလားကြက်သွန်စိုက်ပျိုးမှု အောင်မြင်ဖြစ်ထွန်း

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ် ထန်းကိုင်းကျေးရွာတွင် ရွှေဖလားကြက်သွန် စိုက်ပျိုးထားရှိမှု အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
Subscribe to