တောင်တွင်းကြီးမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းသား/ကျောင်းသူများ နှစ်ဆုံးတတ်မြောက်မှုစာမေးပွဲများ ဖြေဆို

တောင်တွင်းကြီး ဖေဖော်ဝါရီ ၂၄

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းသား/ကျောင်းသူများ နှစ်ဆုံးတတ်မြောက်မှု(ကျောင်းတွင်းစစ်)စာမေးပွဲများကို ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှ စတင်၍ ဖြေဆိုကြောင်း သိရသည်။

တောင်တွင်းကြီးမြို့ အခြေခံပညာကျောင်းများတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၏ နှစ်ဆုံးစာမေးပွဲများကို KG ကျောင်းသား/ ကျောင်းသူ  ၄၂၂၅ ဦး၊ မူလတန်းအဆင့် Grade-1 မှ Grade -4 အထိ ကျောင်းသား၊ ကျောင်းသူ  ဖြေဆိုသူ ၂၂၅၄၃ ဦး၊ အလယ်တန်းအဆင့် Grade-6 မှ Grade -8 အထိ  ကျောင်းသား၊ ကျောင်းသူ ဖြေဆိုသူ ၉၂၈၁ ဦး၊  အထက်တန်းအဆင့် Grade-10 မှ Grade- 12 အထိ ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ ၅၄၉၉ ဦးတို့က သက်ဆိုင်ရာ အခြေခံပညာကျောင်းများတွင် မြန်မာစာဘာသာရပ်ကို စတင်ဖြေဆိုပြီး နှစ်ဆုံးတတ်မြောက်မှုစာမေးပွဲများ ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှ ၂၆ ရက်နေ့အထိ ကျန်ရှိသောဘာသာရပ်များကို ဆက်လက်ဖြေဆိုသွားမည်ဖြစ်ကြောင်း၊ ကျန်ရှိသော Grade–5 နှင့် Grade-9 နှစ်ဆုံးတတ်မြောက်မှုစာမေးပွဲများကို ကျောင်းသား/ကျောင်းသူများက မတ်လ ၃ ရက်နေ့တွင် သက်ဆိုင်ရာ စာဖြေဌာနတို့၌ အသီးသီးဖြေဆိုရမည်ဖြစ်ကြောင်း သိရသည်။

နောင်နောင် (ဗိဿနိုးမြေ)