လှိုင်မြို့နယ်တွင် အမျိုးသမီးအကြမ်းဖက်မှုကာကွယ်နှိမ်နင်း​ရေး အသိပညာ​ပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲကျင်းပ

လှိုင် ဖေဖော်ဝါရီ ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ်ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူး​ပေါင်း၍  ​​အမျိုးသမီးအကြမ်းဖက်မှုကာကွယ်နှိမ်နင်း​ရေး အသိပညာ​ပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက်  နာရီအချိန်က အမှတ်(၂၂)အခြေခံပညာမူလတန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန စာထောက်-၃(အင်အားပြ) ​ဒေါ်ယမင်းရွှေစင်က​​ အမျိုးသမီးအကြမ်းဖက်မှုကာကွယ်နှိမ်နင်း​ရေး အသိပညာပေးဟောပြောပွဲပြုလုပ်ရခြင်းရည်ရွယ်ချက်မှာ ကျောင်းသား/သူများ အသိပညာဗဟုသုတရရှိ​စေရန်နှင့် အမျိုးသမီးများအကြမ်းဖက်ခံရမှုများ မဖြစ်ပွားစေရန်ဖြစ်ကြောင်းပြောကြားပြီး အမျိုးသမီးအကြမ်းဖက်မှုအမျိုးအစားများဖြစ်သော ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာ၊ စီးပွား​​ရေးပိုင်းဆိုင်ရာနှင့် ဆက်သွယ်​ရေးနည်းပညာပိုင်းဆိုင်ရာ အကြမ်းဖက်မှုအမျိုးအစားများအကြောင်း ဟောပြောခဲ့သည်။

ထို့နောက် ကျောင်းသား/သူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော အမျိုးသမီးအကြမ်းဖက်မှုပပျောက်ရေးအသိပညာပေး နံရံကပ်စာစောင်များနှင့်စာအုပ်စာစောင်များအား ကြည့်ရှုလေ့လာခဲ့ကြကြောင်း သတင်းရရှိသည်။

မြို့နယ်(ပြန်/ဆက်)