စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် ကန့်ဘလူမြို့နှင့်အနီးဝန်းကျင်ရှိ ကျေး ရွာများမှ ပြည်သူများအား အခမဲ့မျက်စိခွဲစိတ်ကုသပေးခြင်းနှင့် သားဖွားမီးယပ်၊ ကလေး၊ အထွေထွေရောဂါများ အထူးကုကွင်းဆင်းကုသပေးနေမှုများအား ကြည့်ရှုအားပေး

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ကန့်ဘလူတပ်နယ်မှူး၊ ကန့်ဘလူ ခရိုင်/မြို့နယ် ဥက္ကဋ္ဌများနှင့်တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့နံနက်ပိုင်းတွင် ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့၊ မြို့တော်ခန်းမတွင်ကျင်းပပြုလုပ်သည့် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ဦးဆောင်မှုဖြင့် ကန့်ဘလူမြို့နှင့်အနီးဝန်းကျင်ရှိ ကျေးရွာများမှပြည်သူများအား တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှကြီးကြပ်၍ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ မျက်စိ၊ သားဖွားမီးယပ်နှင့် ကလေးအထူးကုဆရာဝန်ကြီးများ၊ အထွေထွေရောဂါကုဆရာဝန်များ၊ သူနာပြုများနှင့် ကျန်းမာရေးဝန်ထမ်းများမှ အခမဲ့မျက်စိခွဲစိတ်ကုသခြင်းနှင့် အထူးကုကွင်းဆင်းကုသပေးနေမှုများအား သွားရောက်ကြည့်ရှုအားပေးကြကြောင်း သိရသည်။

သံတောင်ကြီးမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းများ၏ ပင်စင်လစာငွေများကို မြန်မာ့စီးပွားရေးဘဏ်၌ ဆက်လက်ထုတ်ပေး

ကရင်ပြည်နယ်၊  သံတောင်ကြီးမြို့နယ်တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို  မြန်မာ့စီးပွားရေးဘဏ်၌ ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် စတင်ထုတ်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင်လည်း ဆက်လက်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်တွင် နွေစပါး(၁၉၉၈၀)ဧက စိုက်ပျိုးသွားမည်ဖြစ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊‌ ကျောက်ဆည်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ခုနှစ် ရေရရှိရေး နည်းလမ်းများအလိုက် နွေစပါးသီးနှံ (၁၉၉၈၀)ဧက လျာထားစိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။

သရက်မြို့၌ ဆေးရုံအထောက်အကူပြုအဖွဲ့အစည်းအဝေးနှင့် ဆေးရုံသုံးစက်ပစ္စည်းများ လှူဒါန်းပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ဆေးရုံအထောက်အကူပြုအဖွဲ့အစည်းအဝေးနှင့် ဆေးရုံသုံး စက်ပစ္စည်းများ လှူဒါန်းပွဲအခမ်းအနားကို ယနေ့ န့နက်(၁၀) နာရီက ခရိုင်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့သည်။

ကော့ကရိတ်မြို့တွင် တစ်နိုင်တစ်ပိုင် တံမြက်စည်းချောများ ပြုလုပ်ရောင်းချ၍ မိသားစုအပိုဝင်ငွေ ရရှိ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊ အမှတ် (၂) ဝင်းကြီးကွက်သစ်အတွင်း နေထိုင်သူဒေသခံများသည် တောတောင်များနှင့် လမ်းဘေးဝဲယာများတွင် အလေ့ကျပေါက်ရောက်နေသော နတ်မျှားတံမြက်စည်းပင်များကိုချိုးယူ၍ တစ်နိုင်တစ်ပိုင် တံမြက်စည်းချောများ ပြုလုပ်ရောင်း ချနေထိုင်လျက်ရှိကြောင်း သိရသည်။

တံတားဦးမြို့နယ်၌ မီးဘေးကြိုတင်ကာကွယ်ရေး လိုက်လံအသိပေးနှိုးဆော်

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ် မီးသတ်ဦးစီးဌာနမှ  ပြည်သူများ ပွင့်လင်းရာသီရောက်ရှိပြီဖြစ်၍ မီးဘေးအန္တရာယ်ကင်းဝေးရေးနှင့် မီးလောင်ကျွမ်းမှုမဖြစ်ပေါ်စေရေး၊ မီးဘေးသတိရှိရေး စသည်တို့ကိုရည်ရွယ်ပြီး မီးဘေးအန္တရာကြိုတင်ကာကွယ်ရေးအတွက် ယမန်နေ့ညနေ(၅) နာရီအချိန်က မြို့ပေါ်ရပ်ကွက်များသို့ ကွင်းဆင်း၍ အသံချဲ့စက်ဖြင့် လိုက်လံအသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ပြည်ကြီးတံခွန်မြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရန် မီးဘေးလုံခြုံရေးဟောပြောပွဲနှင့် မီးငြှိမ်းသတ်နည်း လက်တွေ့သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်မှုဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ (စ)ရပ်ကွက် ရတနာပုံဈေးအတွင်းတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရန်အတွက် ယမန်နေ့မွန်းလွဲ (၁) နာရီအချိန်က မီးဘေးလုံခြုံရေးဟောပြောပွဲနှင့် မီးငြှိမ်းသတ်နည်း လက်တွေ့သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်မှု ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တနင်္သာရီမြို့ ဇီဝဘိုးဘွားရိပ်သာကျောင်းတိုက်အတွင်း နေ့ညအသံမစဲ မဟာပဋ္ဌာန်းသိမ်းအောင်ပွဲ ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့၏ ကျက်သရေဆောင် ဇီဝဘိုးဘွားရိပ်သာကျောင်းတိုက်၌ (၅) ရက်တိုင်တိုင် ကျင်းပပြုလုပ်ခဲ့သည့် နေ့/ ညအသံမစဲ ပဋ္ဌာန်းသိမ်းအောင်ပွဲ အထိမ်းအမှတ်အခမ်းအနားကို (၁၃၈၆ခုနှစ်၊ တပို့တွဲလပြည့်ကျော်၁၁ရက်) ဖေဖော် ဝါရီလ ၂၃ ရက် နံနက် ၉ နာရီခွဲက အေးငြိမ်းချမ်းသာ ဘုရားတောင်ပေါ်ရှိ ကံမြင့်ဘုရားကျောင်းဆောင်အတွင်း၌ ကျင်းပပြုလုပ်ရာ အခမ်း အနားသို့ ဘိုးဘွားရိပ်သာကျောင်းတိုက်၏ ဦးစီးပဓာနဆရာတော် ဘဒ္ဒန္တသုန္ဒရနှင့် ပင့်သံဃာ (၂၃) ပါး၊ မတည်အလှူရှင်များနှင့် ဝေယျာဝစ္စအလှူရှင်များ၊ ဆွေတော် မျိုးတော်များ တက်ရောက်ခဲ့ကြပါသည်။

မိတ္ထီလာမြို့နယ်တွင် နို့စားနွားမွေးမြူရေးလုပ်ငန်းများ အောင်မြင်ဖြစ်ထွန်း

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် မိတ္ထီလာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ခုနှစ်၊ ဘဏ္ဍာရေးနှစ်တွင် မြစိမ်းရောင်ကျေးရွာ စီမံကိန်းနှင့်ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေ ထူထောင်ခြင်းလုပ်ငန်းစီမံကိန်းတို့ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် နို့စားနွားမွေးမြူရေးလုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်းဝင်းက ပြောပြ၍ သိရသည်။

မြစ်သားမြို့နယ်တွင် ‌ဒေသခံပြည်သူများ စားအုန်းဆီ၁ပိဿာ (၈၂၂၀) ကျပ်နှုန်းဖြင့် ဈေးနှုန်းချိုသာစွာ ရောင်းချပေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မြန်မာနိုင်ငံဆီကုန်သည်ဆီ လုပ်ငန်းရှင်များအသင်းနှင့် ခရိုင်စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ ဒေသခံပြည်သူများအား စားအုန်းဆီတစ်ပိဿာလျှင် (၈၂၂၀) ကျပ်နှုန်းဖြင့်‌ ဈေးနှုန်းချိုသာစွာရောင်းချပေးခြင်းကို ရှမ်းပွဲရပ်ကွက်အတွင်းရှိ ဒေါ်ဇာဇာကုန်စုံဆိုင်‌ရှေ့တွင် ယမန်‌နေ့က ရောင်းချပေးခဲ့ကြောင်း သိရသည်။
Subscribe to