ရမည်းသင်းမြို့တွင် ထောင့်သန်းရောဂါကာကွယ်ရေး အသိပညာပေး Talk Show ကျင်းပ

ရမည်းသင်းမြို့တွင် ထောင့်သန်းရောဂါကာကွယ်ရေး အသိပညာပေး Talk Show ကျင်းပ ရမည်းသင်း ဖေဖော်ဝါရီ ၂၄ ခရိုင်(ပြန်/ဆက်)

နတ်မောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် အရပ်ရပ်ဆိုင်ရာအခွင့်အရေးလိုင်စင်များ  လေလံတင်ရောင်းချရေး ညှိနှိုင်းအစည်းအဝေးပြုလုပ်

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်ဆိုင်ရာအခွင့်အရေးလိုင်စင်များ လေလံတင်ရောင်းချရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က မြို့နယ်စည်ပင်သာယာရေးရေးအဖွဲ့ရုံးခန်းမတွင် ပြုလုပ်ကြောင်း သိရသည်။        

ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာအေးထွန်း ဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ် (မန္တလေး)သို့ လာရောက်တွေ့ဆုံကြည့်ရှု

ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာအေးထွန်းသည် ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာတင်ထွန်း၊ ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးနှင့်အဖွဲ့ဝင်များလိုက်ပါလျက် ဖေဖော်ဝါရီ ၂၃ ရက် နံနက် ၁၀ နာရီက ဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ် (မန္တလေး) ပါမောက္ခချုပ် (ပူးတွဲတာဝန်) ပါမောက္ခဒေါက်တာခင်ဝင်းစိန်၊ ဒုတိယပါမောက္ခချုပ် ပါမောက္ခဒေါက်တာ လင်းထက်မြင့်၊ ပါမောက္ခဌာနမှူးများ၊ ဆရာ/ ဆရာမများနှင့် ဝန်ထမ်းများအား တွေ့ဆုံခဲ့သည်။

တောင်ငူမြို့၌ မြန်မာနိုင်ငံခရစ်ယာန်ဂိုဏ်းပေါင်းစုံ ငြိမ်းချမ်းရေးအထောက်အကူပြုဗဟိုကော်မတီနှင့် သာသနာ/အသင်းတော်ခေါင်းဆောင်များ တွေ့ဆုံဆုတောင်းခြင်းအခမ်းအနားကျင်းပ

မြန်မာနိုင်ငံခရစ်ယာန်ဂိုဏ်းပေါင်းစုံ ငြိမ်းချမ်းရေးအထောက်အကူပြုဗဟိုကော်မတီနှင့် သာသနာ/အသင်းတော်ခေါင်းဆောင်များ တွေ့ဆုံဆုတောင်းခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းနှင့် မွန်းလွဲပိုင်းက တောင်ငူမြို့၊ တောင်ငူနှစ်ခြင်းခရစ်ယာန်ဘုရားရှိခိုးကျောင်းနှင့် ပကူး​မြို့မကရင်နှစ်ခြင်းအသင်းတော်တို့၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့၊ အဖွဲ့ခေါင်းဆောင် ဦးစောထွန်းအောင်မြင့်နှင့်အဖွဲ့ဝင်များ၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းအောင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ ဦးညီညီလွင်စိုးနှင့် တောင်ငူမြို့နယ်အတွင်းရှိ ခရစ်ယာန်အသင်းတော်များမှ တာဝန်ရှိသူများတက်ရောက်ကြသည်။

မင်းလှမြို့၌ ရှမ်းတော-မင်းလှ-အင်းဘုတ်ကုန်း-မိုးညိုလမ်း ကွန်ကရစ်ခင်းကျင်းခြင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ လမ်းဦးစီးဌာနအ‌နေဖြင့် ပြည်သူများ သွားလာမှုလွယ်ကူစေရေးနှင့် ကုန်စည်စီးဆင်းမှု လွယ်ကူမြန်ဆန်စေရေးအတွက် လမ်းများအား အဆင့်မြင့်တင်ပေးလျက်ရှိရာ ရှမ်းတော-မင်းလှ-အင်းဘုတ်ကုန်း-မိုးညိုလမ်းအား ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာနှစ်၊ တိုင်းဒေသကြီး(ငွေလုံးငွေရင်း)ရန်ပုံငွေ(၆၂၉.၀၁၇)သန်းကွန်ကရစ်ခင်းကျင်းခြင်းလုပ်ငန်းကိဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ဟိုပုံးတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား၊ ကျောင်းသူ (၃၆၃) ဦး ဝင်ရောက်ဖြေဆိုမည်

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၃၆၃) ဦး ဝင်ရောက် ဖြေဆိုမည်ဖြစ်ပြီး စာမေးပွဲအား မတ်လ (၁၇) ရက်နေ့မှ (၂၂) ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် အမှတ်(၇)ရပ်ကွက်နှင့်ညောင်ကျေးရွာတို့တွင် ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေများပေးအပ်

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ဒေသအသီးသီးမှ ယာယီနေရပ်စွန့်ခွာသည့် ပြည်သူများအား အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေဖြင့် ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့နံနက်(၉)နာရီ၌ အမှတ်(၇)ရပ်ကွက်နှင့်ညောင်ကျေးရွာတို့တွင် ပေးအပ်ခြင်းကျင်းပသည်။

နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းသား/သူများအား အခမဲ့သင်တန်းများ ဖွင့်လှစ်ပေးသွားမည်

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် ၂၀၂၅ ခုနှစ်၊ မတ်လ (၃) ရက်နေ့စတင်၍ ကျောင်းသား/သူများအား နွေရာသီကာလ၌ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ ပညာရေးကို အမြဲမပျက်ဆည်းပူးလေ့လာမှုရှိစေရန် စသည့်ရည်ရွယ်ချက်များဖြင့် ၂၀၂၄-၂၀၂၅ ခုနှစ်အတွင်း လူငယ်များ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အထောက်အကူဖြစ်စေမည့် နွေရာသီသင်တန်းများအား အခမဲ့ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
Subscribe to