လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး နံရံကပ်ပြဘုတ်၌ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်ပြသ

လိပ်သို ဖေ​ဖော်ဝါရီ ၂၄

သန်းပေါင်းများစွာသော ကလေးများသည် အန္တရာယ်များသော အလုပ်များကို လုပ်ကိုင်နေကြရပြီး အလွဲသုံးစားပြုခြင်းနှင့် လုပ်အားခေါင်းပုံ ဖြတ်ခြင်းကိုလည်းခံနေကြရကြောင်း ဒေသနေပြည်သူများနှင့် ကျောင်းသား၊ကျောင်းသူများ သိရှိနိုင်စေရန်ရည်ရွယ်၍ ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ နံရံကပ်ပြဘုတ်၌ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်ကို ယမန်နေ့နံနက်ပိုင်းက ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ နံရံကပ်စာစောင်တွင် သိမှတ်ဖွယ်ရာ ကလေးတို့၏ အခွင့်အရေးများအကြောင်း၊ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး တာဝန်ယူဆောင်ရွက်ပေး၊ ကလေးသူငယ်များကို အကြမ်းဖက်ခြင်း၊ စိတ်ပိုင်းနှင့်လိင်ပိုင်းဆိုင်ရာ မတော်မတရားပြုမူခြင်း၊ ကလေးအလုပ်သမား ပပျောက်ရေး ရည်မှန်းချက်များ၊ ကလေးအလုပ်သမားများအတွက် အလုပ်ချိန်ကန့်သတ်ချက်၊ အလုပ်ရှင်များအတွက် ကလေးသူငယ်အခွင့် အရေးဆိုင်ရာမူများ၊ ကလေးများအား ကလေးအလုပ်သမားဖြစ်စေခြင်းမှ ပိုမိုကာကွယ်ကြပါစို့စသည့် အကြောင်းအရာများကို ပြသထားရာ ဒေသနေပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများက ကြည့်ရှုလေ့လာမှတ်သားခဲ့ပြီး သိရှိလိုသည်များအား မေးမြန်းခဲ့ရာ မြို့ဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။

လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရန်အတွက် လစဉ်အခါ အားလျော်စွာ အသိပညာပေးနံရံကပ်စာစောင်များကို ပြသဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ခင်လေးနွယ်