သံတောင်ကြီး ဖေဖော်ဝါရီ ၂၄
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် အခြေခံပညာကျောင်းများ၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် နှစ်ဆုံးကျောင်းတွင်းစစ်ဆေးခြင်းစာမေးပွဲကို ဖေဖော်ဝါရီလ (၂၀) ရက်နေ့မှ (၂၆)ရက်နေ့အထိ စစ်ဆေးသွားမည်ဖြစ်ရာ စတုတ္ထနေ့ (ပထဝီဝင်) ဘာသာရပ်အား ယနေ့နံနက်(၉) နာရီအချိန်တွင် သံတောင်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် Grade – 4 ၊ Grade – 6 ၊ Grade – 7 ၊ Grade – 8၊ Grade – 10 ၊ Grade – 11 ကျောင်းသား/ကျောင်းသူများက အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။
သံတောင်ကြီးမြို့နယ်တွင် ၂၀၂၄ -၂၀၂၅ ပညာသင်နှစ်၌ ကျောင်းသူ/ကျောင်းသားများမှာ အေးချမ်းပျော်ရွင်စွာ ပညာသင်ယူခဲ့ကြပြီးယနေ့၌ အတန်းတင်စာမေးပွဲ စတုတ္ထနေ့ (ပထဝီဝင်) ဘာသာရပ် အေးချမ်းစွာ ဖြေဆိုလျက်ရှိသည်။ အဆိုပါစာမေးပွဲဖြေဆိုနေမှုကို ကျောင်းအုပ်ဆရာမကြီး ဒေါ်လိုအေးနှင့် တာဝန်ကျဆရာ/ဆရာမများက အနီးကပ်ကြီးကြပ်စစ်ဆေးလျက်ရှိကြောင်း သိရသည်။
နော်နော်မူ