ကန့်ဘလူမြို့သို့ရောက်ရှိနေကြသည့် ကန့်ဘလူခရိုင်၊ ကောလင်းခရိုင်နှင့် ရေဦးခရိုင်အတွင်းမှ နေရပ်စွန့်ခွာပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကျင်းပ

ကန့်ဘလူမြို့သို့ရောက်ရှိနေကြသည့် ကန့်ဘလူခရိုင်၊ ကောလင်းခရိုင်နှင့် ရေဦးခရိုင်အတွင်းမှ နေရပ်စွန့်ခွာပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းတွင် ကန့်ဘလူခရိုင် စုပေါင်းရုံးရှိ ရွှေဆည်မြိုင်ခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ နေရပ်စွန့်ခွာပြည်သူများ တက်ရောက်ကြသည်။

ပင်လုံမြို့၌ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းခြင်း ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင် ပင်လုံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို ပုံမှန်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၁၀) နာရီအချိန်က ပင်လုံမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့သွားရောက် ဆောင်ရွက်ပေးခဲ့ပါသည်။

ဟိုပုံးမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာအဆင့်(ကျောင်းတွင်းစစ်) နှစ်ဆုံးတတ်မြောက်မှုစစ်ဆေးခြင်းစာမေးပွဲကို ကျောင်းသား၊ ကျောင်းသူများ ဖြေဆို

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာအဆင့်(ကျောင်းတွင်းစစ်) နှစ်ဆုံးတတ်မြောက်မှုစစ်ဆေးခြင်းစာမေးပွဲကို ဖေဖော်ဝါရီလ (၂၀) ရက်နေ့မှစ၍ ကျင်းပလျက်ရှိရာ သက်ဆိုင်ရာကျောင်းအသီးသီးတို့၌ ကျောင်းသား၊ ကျောင်းသူများ ဖြေဆိုလျက်ရှိကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးအောင် (၄၆)ကြိမ်မြောက် သွေးလှူရှင်များ ဂုဏ်ပြုပွဲအခမ်းအနားသို့ တက်ရောက်

(၄၆)ကြိမ်မြောက် သွေးလှူရှင်များဂုဏ်ပြုပွဲအခမ်းအနားကို ဖေဖော်ဝါရီလ (၂၃) ရက်နေ့ နံနက်ပိုင်းက မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီရုံး မြို့တော်ခန်းမတွင် ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပါမောက္ခ ဒေါက်တာအေးထွန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ကျန်းမာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးမှူးနှင့် တာဝန်ရှိသူများ၊ ဆေးရုံအုပ်ကြီးများ၊ ဆေးနှင့် ဆေးနှီးနွယ်တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ပါမောက္ခ(ဌာနမှူး)များ၊ စေတနာသွေးလှူရှင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ အလှူရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဒဂုံမြို့သစ်‌(မြောက်ပိုင်း)မြို့နယ်၌ မြို့နယ်သာသနာ့ဗိမာန်တည်ဆောက်နိုင်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်‌(မြောက်ပိုင်း)မြို့နယ်၊ အမှတ်(၁၆)ရပ်ကွက် ပြည်ထောင်စုလမ်းရှိ ပြည်ကြီးချမ်းသာမဟာစေတီတော်ကြီး (မြို့ဦးစေတီ)ရှိ သန္တိသုခဓမ္မာရုံတွင်  မြို့နယ်သာသနာ့ဗိမာန်တည်ဆောက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို  ယမန်နေ့ညနေ ၃ နာရီက   ကျင်းပခဲ့ကြောင်းသိရသည်။

ရွှေတောင်မြို့နယ်တွင် (အခမဲ့)ဆေးကုသမှုအစီအစဥ်နှင့် ကျန်းမာရေးအသိပညာပေး ဟောပြောပွဲအခမ်းအနားကျင်းပ

ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၏ လမ်းညွှန်မှု၊ ပဲခူးတိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာန တိုင်းဦးစီးမှူးနှင့် ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌတို့၏အနီးကပ်ကြီးကြပ်မှုဖြင့် ရွှေတောင်မြို့နယ်၊ တရုတ်မှော်တိုက်နယ်ဆေးရုံတွင် ပြည်မြို့ကုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများ၏ (အခမဲ့)ဆေးကုသမှုအစီအစဥ်နှင့် ကျန်းမာရေးအသိပညာပေး ဟောပြောပွဲအခမ်းအနားကျင်းပခဲ့သည်။

ကသာမြို့တွင် ယာယီနေရပ်စွန့်ခွာပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုရန်ပုံငွေမှ (၅)ရက်နေ့မြောက် ထောက်ပံ့ငွေများပေးအပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် ယာယီနေရပ်စွန့်ခွာပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုရန်ပုံငွေမှ (၅)ရက်နေ့မြောက် ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က မြို့တော်ခန်းမ၌ ဆက်လက်ပြုလုပ်ခဲ့သည်။

နတ်မောက်မြို့နယ်တွင် ချည်မျှင်ရှည်ဝါများ လျာထားချက်ထက် ပိုမိုစိုက်ပျိုးနိုင်ပြီး ပန်းတိုင်အထွက်နှုန်းရရှိရေး ပညာပေးဆွေးနွေး

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် ၂၀၂၄ ခုနှစ်၌ ချည်မျှင်ရှည်ဝါ သီးနှံများစိုက်ပျိုးရန် (၂၄၆၃၁) ဧက လျာထားခဲ့ရာ ကျေးရွာတောင်သူများအနေဖြင့် ချည်မျှင်ရှည်ဝါများကို ပိုမိုစိုက်ပျိုး လာကြသဖြင့် စုစုပေါင်းဧက (၂၉၄၇၈) ဧကစိုက်ပျိုးနိုင်ခဲ့ပြီး မူလစိုက်ပျိုးရန်လျာထားချက်ထက် ပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် မြန်မာသတင်းအချက်အလက်နည်းပညာတက္ကသိုလ် (MIIT) တတိယအကြိမ် ဘွဲ့နှင်းသဘင်အခမ်းအနားသို့ တက်ရောက်

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန၊ မြန်မာသတင်းအချက်အလက်နည်းပညာတက္ကသိုလ် (MIIT) ၏ တတိယအကြိမ် ဘွဲ့နှင်းသဘင်အခမ်းအနားကို ဖေဖော်ဝါရီလ (၂၃) ရက်နေ့ နံနက်ပိုင်းက မန္တလေးမြို့ရှိ အဆိုပါတက္ကသိုလ် Auditorium ခန်းမတွင်ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊  MIIT ပါမောက္ခချုပ် ဒေါက်တာဝင်းအေး၊ ဘာသာရပ်အသီးသီးမှ ပါမောက္ခ (ဌာနမှူး)များ၊ စီမံခန့်ခွဲရေးနှင့် ပညာရေးအဖွဲ့ဝင်များ၊ ဘွဲ့ရမောင်မယ်များနှင့် မိဘများ တက်ရောက်ကြသည်။ 

စမ်းချောင်းမြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ်အတွင်းရှိ ပြည်သူများအား ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကွင်းဆင်းဆောင်ရွက်‌ပေးခြင်းကို ယမန့်နေ့နံနက်(၁၀)နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to