နမ့်စန်မြို့ အမှတ်(၅)ကျေးရွာတွင် မီးဘေးလုံခြုံရေး အသိပညာပေးဟောပြော၍ မီးငြှိမ်းသတ်ခြင်း လက်တွေ့သရုပ်ပြလေ့ကျင့်မှု ဆောင်ရွက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနက ဆောင်ရွက်သော မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောခြင်းနှင့် မီးငြှိမ်းသတ်မှု လက်တွေ့သရုပ်ပြခြင်းကို ယနေ့နံနက် ၉ နာရီခွဲအချိန်က အမှတ် (၅) ကျေးရွာအုပ်စု၊ အမှတ် (၅) ကျေးရွာဓမ္မာရုံတွင် ဆောင်ရွက်ခဲ့ရာ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးတင်ကိုကို၊ ကျေးရွာတာဝန်ခံ ဦးဝင်းရွှေနှင့် ကျေးရွာသူ၊ ကျေးရွာသားများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ကျိုင်းတုံမြို့နယ်တွင် ကျေးရွာစာကြည့်တိုက်အဆောက်အဦအသစ်ဖွင့်ပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း (VDP)စီမံကိန်းဖြင့် ဆောင်ရွက်သော နမ့်လင်းမိုင်ကျေးရွာစာကြည့်တိုက်ဖွင့်ပွဲကို ယမန်နေ့က ပင်းတောက်ကျေးရွာအုပ်စု၊ နမ်းလင်းမိုင်ကျေးရွာတွင်ကျင်းပရာ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအ‌ရှေ့)ဥက္ကဋ္ဌ ဦးဇော်လွင်ဦး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုးဝေနှင့် တာဝန်ရှိသူတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။

ဒက္ခိဏခရိုင် လူထုအခြေပြုဗဟိုဌာနတွင် "စာဖတ်ခြင်းရဲ့အလေ့"ခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show ဆောင်ရွက်

ဒက္ခိဏခရိုင် လူထုအခြေပြုဗဟိုဌာနတွင် "စာဖတ်ခြင်းရဲ့အလေ့"ခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show ဆောင်ရွက် ဒက္ခိဏ ဖေဖော်ဝါရီ ၂၄ ခရိုင် (ပြန်/ဆက်)

ပင်းတယမြို့နယ်၌ လူကုန်ကူးမှု တားဆီးကာကွယ်နှိမ်နင်းရေး အသိပညာပေး Talk Show ပြုလုပ်

ပင်းတယမြို့နယ်၌ လူကုန်ကူးမှု တားဆီးကာကွယ်နှိမ်နင်းရေး အသိပညာပေး Talk Show ပြုလုပ် ပင်းတယ ဖေဖော်ဝါရီ ၂၄ မြို့နယ် (ပြန်/ဆက်)

ရေဦးမြို့တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးဆွေးနွေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့အ.ထ.က(၁)၌ ယမန်နေ့နံနက် ၁ဝ နာရီက ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်းသိရသည်။

နတ်တလင်းခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ခရိုင်အဆင့်လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့၊ မြို့မရပ်ကွက်၊ ကံကြီးလမ်းရှိ နတ်တလင်းခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ခရိုင်အဆင့်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီကပြုလုပ်ခဲ့ရာ နတ်တလင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းလှိုင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်အတွင်းရှိ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိများ၊ မြို့နယ်မီးသတ်ဦးစီးမှူးများတက်ရောက်ခဲ့သည်။

တောင်တွင်းကြီးမြို့နယ်အတွင်းရှိ စားသုံးဆီအရောင်းဆိုင်များတွင် ပြည်သူများအား စားသုံးဆီများကို ရည်ညွှန်းစျေးနှုန်းဖြင့် ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြိုနယ်တွင် စားသုံးဆီများရောင်းချလျက်ရှိသော စျေးဆိုင်များအား သတ်မှတ်ရည်ညွှန်းစျေးနှုန်းဖြင့် ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့ နံနက် (၁၀) နာရီက မြို့ပေါ်ရပ်ကွက်များနှင့် မြို့မစျေးအတွင်းရှိ စားသုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ဝမ်းတွင်းမြို့နယ်၌ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီးနှင့် တောင်သူများတွေ့ဆုံပွဲပြုလုပ်

မန္တလေးတိုင်း​ဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၌ နွေသီးနှံပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး မြေပြင်ကွင်းဆင်းကြီးကြပ်ရေးအဖွဲ့ခေါင်းဆောင် ဦးရွှေဇင်နှင့်အဖွဲ့ဝင်များသည် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်တင်မိုးနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြင့်သိန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများလိုက်ပါကာ  ဖေဖော်ဝါရီ(၂၃)ရက်နေ့က ဂုဏ်ရွာ၊ ဆူးပန်း၊ ကုန်းရွာ၊ ရိုးစုံကျေးရွာများမှနွေသီးနှံစိုက်ပျိုးမည့် တောင်သူများအား ကင်းတားရှင်းလင်းဆောင်၌လည်းကောင်း၊ ညောင်ပင်လှ၊ နဘဲကန်၊ အင်းကန်းကုန်း၊ အင်းခမ်းကြီးကျေးရွာများမှ နွေသီးနှံစိုက်ပျိုးမည့်တောင်သူများအား ညောင်ပင်လှကျေးရွာဓမ္မာရုံ၌လည်းကောင်း တွေ့ဆုံခဲ့သည်။

ဖျာပုံမြို့နယ်အတွင်းရှိ ကျေးလက်လမ်းတံတားလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်အတွင်း ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း တိုင်းဒေသကြီး ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော ဖျာပုံ-အပြောင်- ကျီးနှစ်ပင် ကျေးရွာချင်းဆက်လမ်းပေါ်ရှိ အပြောင်ချောင်းကူး ကွန်ကရစ်တံတား တည်ဆောက်ခြင်းလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာန(ရုံးချုပ်)မှ ညွှန်ကြားရေးမှူးချုပ်နှင့်တာဝန်ရှိသူများက မြို့နယ်အတွင်းရှိ ကျေးလက်လမ်းတံတားလုပ်ငန်းများ ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းအချိန်က မြို့နယ်အတွင်း လိုက်လံကြည့်ရှုစစ်ဆေးကြကြောင်း သိရသည်။

တာမွေမြို့နယ်၌ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်ကျိုက္ကဆံလမ်းရှိ မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ဗဟို၏စီစဉ်မှုဖြင့် အမှတ်(၄၁)မူးယစ်တပ်ဖွဲ့စု(ရန်ကုန်အရှေ့)တို့ပူးပေါင်း၍ ယနေ့နံနက်ပိုင်းအချိန်က မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို အဆိုပါအသင်းရုံး မေတ္တာစံအိမ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to