အိမ်မဲမြို့နယ်တွင် တိုင်းရင်းသားရေးရာ အသိပညာပေးခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်း ပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်းအခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေပြည်တန်ခန်းမ၌ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ တိုင်းရင်းသားရေးရာ အသိပညာပေးခြင်းနှင့် ရပ်ရွာ အခြေပြုအသက်မွေးဝမ်းကျောင်း ပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်းအခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

မီးဘေးအသိ မီး‌ဘေးသတိရှိစေရေး အသိပေးနှိုးဆော်

ပူးပြင်း‌သော နွေရာသီသို့ ကူး‌‌ပြောင်း‌ရောက်ရှိလာပြီဖြစ်၍ စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့နယ်တွင် မီးဘေးအသိ မီးဘေးသတိရှိစေရေးအတွက် ယနေ့နံနက် (၁၁) နာရီက မြို့နယ်မီးသတ်ဦးစီးမှူး ဦးဆာမူအဲကြီးကြပ်မှုဖြင့် မီးသတ်ဦးစီးဌာန ဒုတိယဦးစီးမှူး ဦးအောင်ကိုနိုင်ဦးဆောင်သောသန္ဓေတပ်ဖွဲ့၀င်များက မော်တော်ယာဉ်ဖြင့် မြို့ပေါ်ရပ်ကွက်များသို့ လှည့်လည်အသိပေး နှိုးဆော်ခဲ့ကြသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ သိကောင်းစရာဆွေးနွေးပွဲ ပိတ်ပွဲအခမ်းအနားတက်ရောက်၊ ကျောင်းသား၊ ကျောင်းသူများစာမေးပွဲဖြေဆိုနေမှုအား ကြည့်ရှုအားပေး

ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ သိကောင်းစရာဆွေးနွေးပွဲ ပိတ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ဦးဥတ္တမခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ အရာထမ်းများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဝန်းသိုမြို့၊ အခြေခံပညာကျောင်းများ၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် နှစ်ဆုံးစာမေးပွဲဖြေဆို

၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများ(ကျောင်းတွင်းစစ်)နှစ်ဆုံးစာမေးပွဲကို နိုင်ငံတစ်ဝန်းလုံးရှိ အခြေခံပညာကျောင်းများအလိုက် ဖေဖော်ဝါရီလ ၂၀ ရက်နေ့၊ နံနက် ၉ နာရီအချိန်မှ စတင် ကျင်းပလျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင်လည်း ကျောင်းသား၊ ကျောင်းသူများ ဖြေဆိုလျက်ရှိကြောင်းသိရသည်။

ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားတိုးတက်ရေး ရုံးစာရေးသားနည်းသင်တန်း ဖွင့်လှစ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ယနေ့နံနက်ပိုင်းက ဝန်ထမ်းများ လုပ်ငန်းစွမ်ဆောင်ရည်မြင့်မားရေးနှင့် ရုံးလုပ်ငန်းများစနစ်ကျပြီး လျင်မြန်စွာဆောင်ရွက်နိုင်ရေး ရုံးစာရေးသားနည်းသင်တန်းဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ဘိုကလေးမြို့နယ်တွင်းမှ ဆန်စက်များအား မီးဘေးလုံခြုံရေးစစ်ဆေးဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်ရှိ ဆန်စက်များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က မြို့နယ်မီးသတ်ဦးစီးဌာနနှင့်အတူ ပူးပေါင်းကာ ယနေ့နံနက် (၁၁)နာရီအချိန်၌ မီးဘေးလုံခြုံရေးအတွက် စစ်ဆေးမှုများဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ငပုတောမြို့နယ်၊ လူမှုဝန်ထမ်းဦးစီးဌာန ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်း သင်ကြားသင်ယူတက်မြောက်မှု ပြီးဆုံးကြောင်းလက်မှတ်ပေးအပ်ပွဲ အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် ပြင်ခရိုင်ကျေးရွာအုပ်စုတွင် လူမှုဝန်ထမ်းဦးစီးဌာန ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်း သင်ကြားသင်ယူတက်မြောက်မှုပြီးဆုံးကြောင်း လက်မှတ်ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့မွန်လွဲပိုင်းက အ‌ဆိုပါကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to