သံတောင်ကြီးမြို့တွင်  ပေါ်ဦးပေါ်ဖျားဆူးပုတ်ရွက်များ  ဈေးကောင်းရရှိ

သံတောင်ကြီး ဖေဖော်ဝါရီ ၂၄

ကရင်ပြည်နယ်၊ သံတောင်ကြီးဒေသသည် တောင်ပေါ်ဒေသဖြစ်ပြီး ဥယျာဉ်ခြံလုပ်ငန်းများကိုအဓိကလုပ်ကိုင်လျက်ရှိရာ ဒေသခံပြည်သူ များသည်  မိမိတို့၏  ဥယျာဉ်ခြံများအတွင်းတွင် ဆူးပုတ်ပင်များ စိုက်ပျိုးပြီး တစ်ချို့ဆူးပုတ်ပင်များမှာ သဘာဝအတိုင်းပေါက်ရောက်လျက်ရှိသည်။ ယခုအချိန်တွင် အရွက်နုများ စတင်ထွက်ရှိလာပြီး စားသုံးရန်သင့်လျော်ပြီဖြစ်သည့် ပေါ်ဦးပေါ်ဖျားဆူးပုတ်ရွက်များကို ဒေသခံပြည်သူများက  လိုက်လံဆွတ်ခူးရောင်းရာတွင်ဈေးကောင်းရရှိကြောင်းသိရသည်။

အဆိုပါ သံတောင်ကြီးဒေသရှိ ဆူးပုတ်ပင်များသည် အခြားသောသစ်ပင်ကြီးများ ပေါ်တွင်တွယ်တက်၍ သဘာဝအတိုင်း ပေါက်ရောက်ရှင်သန်လျက်ရှိသည့်နည်းတူ၊ တစ်ချို့ဆူးပုတ်ပင်များကို ဒေသခံစိုက်ပျိုးရေးလုပ်ကိုင်သည့်တောင်သူများက  စိုက်ပျိုးလုပ်ကိုင်ကြသည်။ ဆူးပုတ်ရွက်သည် လူအများကြိုက်နှစ်သက်သည့် အသီးအရွက်များတွင် တစ်ခုအပါဝင်ဖြစ်ပြီး ပေါ်ဦးပေါ်ဖျားဆူးပုတ်ရွက်တစ်စီးလျှင် ကျပ် (၁၅၀၀)အထိရရှိသည့်အတွက် ဒေသခံပြည်သူများ ခူးယူပြီး  သံတောင်ကြီးမြို့ပေါ်တွင်သာ  လိုက်လံရောင်းချကြကြောင်းသိရသည်။

နော်နော်မူ