အထက်မင်းလှ ဖေဖော်ဝါရီ ၂၄
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ် ထန်းကိုင်းကျေးရွာတွင် ရွှေဖလားကြက်သွန် စိုက်ပျိုးထားရှိမှု အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
ကြက်သွန်စိုက်ပျိုးရာတွင် မျိုးစေ့ကိုပျိုးထောင်ပြီးပျိုးသက် (၃၀) ရက်အကြာတွင် စိုက်ပျိုးရကြောင်း၊ တစ်ပင်နှင့်တစ်ပင် ပင်ကြားတန်းကြား (၄) လက္မခန့်အကွာ စိုက်ပျိုးထားကြောင်း၊ ကြက်သွန်စိုက်ပျိုးပြီး (၃) လအကြာတွင် တူးဖော်ရောင်းချရကြောင်း၊ ကြက်သွန်တစ်ဧက စိုက်ပျိုးစရိတ် (၃၅) သိန်းခန့်ကုန်ကျပါကြောင်း ယခင်နှစ်က တစ်တစ်ဧကလျှင် ကြက်သွန် (၅၅၀၀) ပိဿာထွက်ရှိပြီး တစ်ပိဿာလျှင် ပျမ်းမျှ (၂၇၀၀) ကျပ်ဖြင့် ရောင်းချရကြောင်း၊ ယခုနှစ်တွင် ကြက်သွန်စိုက်ပျိုးမှုမှာ အောင်မြင်ဖြစ်ထွန်းပြီး သီးနှံပေါ်ချိန်တွင် ဈေးကောင်းရရှိရန် မျှော်လင့်ပါကြောင်း ကြက်သွန်စိုက်တောင်သူ ဦးသိန်းဦးထံမှ သိရသည်။
ဇာဇာ(အထက်မင်းလှ)