ပျဉ်းမနား ဖေဖော်ဝါရီ ၂၄
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် စာရေးဆရာ နတ်သျှင်ရွှေဂူရေးသားသည့် “လူငယ်များ၏ ရွှေရောင်မနက်ဖြန်” စာအုပ်အား စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါစာဖတ်ဝိုင်းတွင် ပျဉ်းမနားမြို့နယ် စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့မှ စာရေးဆရာ၊ ဆရာမကြီးများက စာရေးဆရာ နတ်သျှင်ရွှေဂူ ရေးသားသည့် “လူငယ်များ၏ ရွှေရောင်မနက်ဖြန်” စာအုပ်ပါ အကြောင်းအရာများအား အသီးသီးဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပျဉ်းမနားမြို့နယ်ရုံးအနေဖြင့် စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့နှင့်ပူးပေါင်း၍ စာဖတ်ဝိုင်းဆွေးနွေးပွဲများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိပြီး ပြည်သူများ အသိပညာဗဟုသုတရရှိစေရန်အတွက် Online မှတစ်ဆင့် အသိပညာပေးအစီအစဉ်များကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)