သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊  မီးဘေးအန္တရာယ်လုံခြုံရေးအတွက် ကွင်းဆင်းစစ်ဆေး၍ အသိပညာ​ပေးဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်ရှိ နေကြာပန်းဂဏန်းပျော့မွေးမြူရေးလုပ်ငန်းတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် မီးဘေးလုံခြုံရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းနှင့် အသိပညာ​ပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ကျိုက်လတ်မြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်သရုပ်ပြသခြင်းများဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်သရုပ်ပြသခြင်းများကို ယနေ့နံနက်ပိုင်းက ကျိုက်လတ်-မအူပင်ကားလမ်းဘေးရှိ Denko စက်သုံးဆီအရောင်းဆိုင်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဗဟန်းလူထုအခြပြုဗဟိုဌာနတွင် ဟောပြောပွဲနှင့် ပြပွဲ၊ ပြိုင်ပွဲများ ပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းလူထုအခြေပြုဗဟိုဌာနတွင် ယနေ့နံနက် ၁၀ နာရီအချိန်က ဟောပြောပွဲ၊ ပြပွဲနှင့်ပြိုင်ပွဲများ ပြုလုပ်ခဲ့ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်လက်ထောက်ညွှန်ကြားမှူး ဒေါ်အေးအေးခိုင်၊ စာရေးဆရာမတင့်တယ်ခင်၊ စာရေးဆရာမနန်းသင်းသင်းဝေ(ပျူပုတီး)၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ကျော့ကျော့မှူးနှင့်ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

လသာမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေဆိုင်ရာအသိပညာ​ ရှင်းလင်း​ဆွေးနွေးပွဲနှင့်လက်ကမ်းစာစောင်များဖြန့်ဝေ

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လသာမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာများနှင့်စပ်လျဉ်း၍ ပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်နှင့် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရန်ရည်ရွယ်ပြီး ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မြစ်သားမြို့နယ်တွင် မြိုင်ကုန်းလယ်ယာနှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်းမှ  မိုးကြိုဝါစိုက်ပျိုးမည့် အသင်းသားတောင်သူများအားသွင်းအားစုပေးအပ်ပွဲ အခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မြို့နယ်သမဝါယမဦးစီးဌာနမှ ကျေးလက်နေပြည်သူများလူမှု စီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန်နှင့် အသင်းသားတောင်သူတစ်ဦး ချင်းဝင်ငွေတိုးပွားစေရန်ရည်ရွယ်၍ မြိုင်ကုန်းကျေးရွာရှိ မြိုင်ကုန်းလယ်ယာနှင့် အထွေထွေ လုပ်ငန်းသမဝါယမအသင်းမှ မိုးကြိုဝါစိုက်ပျိုးမည့် သမဝါယမအသင်းသားတောင်သူများအား  မန္တလေးတိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်နှင့် မြို့နယ်သမဝါယမအသင်းစုပိုင်‌ငွေများဖြင့် သွင်းအားစုပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့‌နံနက်ပိုင်းက အဆိုပါအသင်းဥက္ကဋ္ဌ နေအိမ်တွင် ကျင်းပခဲ့ကြောင်းသိရသည်။

တိုင်းဒေသကြီးအစိုးရအဖွဲ့မှလှူဒါန်းသည့် စာအုပ်များအား ရပ်/ကျေးစာကြည့်တိုက်များသို့ ထပ်ဆင့်လှူဒါန်းပွဲနှင့် ဆွေးနွေးပွဲပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လှူဒါန်းသည့်စာအုပ်များအား ရပ်/ကျေးစာကြည့်တိုက်များသို့ ထပ်ဆင့်လှူဒါန်းပွဲနှင့် ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက  လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲဆိုင်ရာလုပ်ငန်းရှင်းလင်း

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲဆိုင်ရာ လုပ်ငန်းရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့နံနက်(၁၀)နာရီက စံပြရပ်ကွက်ရှိ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း ပညာဂုဏ်ရောင်ဓမ္မာရုံတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

သရက်ချောင်းမြို့နယ်၌ ဌာနဆိုင်ရာရုံးများအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ စစ်‌ဆေးဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၌ မီးဘေးအန္တရာယ်ကြုံ‌တွေ့လာရပါက ထိရောက်ဆုံးနှင့် လွယ်ကူဆုံးတုံ့ပြန်ရှင်းလင်းနိုင်‌စေရန်နှင့် မီးဘေးအန္တရာယ် ကင်းရှင်းစေရန်ရည်ရွယ်၍ မြို့နယ်မီးသတ်ဦးစီးဌာနမှ ယနေ့နံနက် ၉ နာရီခွဲအချိန်မှစတင်ကာ ဌာနဆိုင်ရာရုံးများသို့ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ စစ်‌ဆေးဆောင်ရွက်ခဲ့သည်။

ကော့သောင်းနယ်စပ်ဂိတ်မှ ပြန်လည်ဝင်ရောက်လာသည့် နေရပ်ပြန်များအား နေရပ်ဒေသအသီးသီးသို့ပြန်လည်ပို့ဆောင်

နေရပ်ပြန်မြန်မာရွှေ့ပြောင်းအလုပ်သမားများနှင့် ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးကြောင့် ပြန်လည်ရောက်ရှိလာသည့် မြန်မာနိုင်ငံသား အမျိုးသား(၁၉၈)ဦး၊ အမျိုးသမီး(၂)ဦး၊ စုစုပေါင်း (၂၀၀)ဦးအား ယနေ့မွန်းလွဲပိုင်းက ထိုင်းနိုင်ငံရနောင်းမြို့မှတဆင့် မြန်မာနိုင်ငံ ကော့သောင်းမြို့မှ တာဝန်ရှိအဖွဲ့အစည်းများထံသို့ ရေလမ်းခရီးမှ လွှဲပြောင်းပေးအပ်ခဲ့ရာ ပြန်လည်ဝင်ရောက်လာသူများအား ကျန်းမာ‌ရေးစစ်ဆေးမှုများ အထူးကြပ်မတ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဒလမြို့နယ်၌ ရန်ကုန်တိုင်းဒေသကြီးစာကြည့်တိုက်များ ကြီးကြပ်‌ရေးကော်မတီမှ လှူဒါန်းသော စာအုပ်၊ စာစောင်များအား ရပ်ကွက်/ ကျေးရွာစာကြည့်တိုက်များသို့ ထပ်ဆင့်လှူဒါန်းပွဲနှင့် ဆွေးနွေးပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်တွင်  ရန်ကုန်တိုင်း‌ဒေသကြီး စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီမှလှူဒါန်းသော စာအုပ်၊ စာစောင်များအား ရပ်ကွက်၊ ကျေးရွာစာကြည့်တိုက်များသို့ ထပ်ဆင့်လှူဒါန်းပွဲနှင့်ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to