ပုသိမ်မြို့၌ သီးနှံအခြေခံတန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်လှစ်

မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အထူးရန်ပုံငွေ (၂၀၂၄) ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည့် သီးနှံအခြေခံတန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရုံး သင်တန်းခန်းမတွင် ပြုလုပ်ခဲ့သည်။

လပွတ္တာမြို့နယ်၌ ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေပေးအပ်

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ်အတွင်း အကြမ်းဖက်မှုဖြစ်စဉ်များကြောင့် ရောက်ရှိလာသည့် ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေပေးအပ်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွေးနဒီခန်းမ၌ ကျင်းပပြုလုပ်သည်။

ရေဦးမြို့တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးဆွေးနွေး

စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့အ.ထ.က (၁) ၌ ယမန်နေ့နံနက် ၁ဝ နာရီက ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်းသိရသည်။

မင်းဘူးမြို့၌ ဌာနဆိုင်ရာရုံးများ မီးဘေးလုံခြုံရေးနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လက်တွေ့သရုပ်ပြ မီးငြှိမ်းသတ်ခြင်း အသိပညာပေးဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ ဌာနဆိုင်ရာရုံးများ မီးဘေးလုံခြုံရေးနှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး စစ်ဆေးခြင်းနှင့် အသိပညာပေး လက်တွေ့သရုပ်ပြ မီးငြှိမ်းသတ်ခြင်းအစီအစဉ်များကို ယနေ့နံနက်ပိုင်းက ခရိုင်နှင့် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးဝင်းအတွင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရေတာရှည်မြို့နယ်အတွင်းရှိ ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် ပံ့ပိုးငွေများ ပေးအပ်ခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ ရေတာရှည်မြို့နယ်အတွင်းရှိ ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် ပံ့ပိုးငွေပေးအပ်ခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုပြုလုပ်ပေးခြင်းကို ယနေ့နံနက် ၉ အချိန်က မြို့တော်ခန်းမ၌ ပြုလုပ်ခဲ့သည်။

လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် ရေဥက္ကံကျေးရွာတွင် ပန်းခင်းစီမံချက်(၃)ဖြင့်  နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင်းရှိ ပြည်သူများအား ပန်းခင်းစီမံအဆင့်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများထုတ်‌ပေးဆောင်ရွက်ခြင်းကို ယမန့်နေ့နံနက်(၉)နာရီ၌  ရေဥက္ကံကျေးရွာတွင်  နိုင်ငံသားစိစစ်‌ရေး ကတ်ပြားများထုတ်ပေးလျက်ရှိပြီး အမှတ်(၇)ရပ်ကွက်တွင် ပန်းခင်းစီမံချက်(၃)ဖြင့် ကွင်းဆင်းဆောင်ရွက်‌ပေးလျက်ရှိသည်။

ပခုက္ကူမြို့နယ်တွင် ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် ထောက်ပံ့ငွေပေးအပ်

ပခုက္ကူမြို့နယ်တွင် ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် ထောက်ပံ့ငွေပေးအပ် ပခုက္ကူ ဖေဖော်ဝါရီ ၂၄ ခရိုင်(ပြန်/ဆက်)

ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်၌ (၂၈)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ထပ်ဆင့်ရှင်းလင်းပွဲကျင်းပ

နေပြည်တော်ရှိ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တွင် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက် မှ ၁၄ ရက်ထိ Virtual စနစ်ဖြင့် ကျင်းပခဲ့သော ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်များ၊ တိုင်းဒေသကြီး/ ပြည်နယ်တရားရေးဦးစီးမှူးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတရားသူကြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားသူကြီးများ/ ခရိုင်တရားသူကြီးများ၏ (၂၈)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် လမ်းညွှန်မှာကြားချက်များအပေါ် ထပ်ဆင့်ရှင်းလင်းသည့် အခမ်းအနားကို ဖေဖော်ဝါရီလ ၂၂ ရက် နံနက် ၁ဝ နာရီက ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်အစည်းအဝေးခန်းမ၌ Virtual  ဖြင့် ကျင်းပသည်။

ပင်လောင်းမြို့၌ ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေ အသိပညာပေးရှင်းလင်းပွဲ ကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့မှ ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေ အသိပညာပေးရှင်းလင်းပွဲကို ယနေ့နံနက်ပိုင်းက မြို့နယ်အားကစားကွင်း မိုလုံလေလုံအားကစားရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။

ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် အားကစားနည်းအလိုက် ရွှေ၊ ငွေ၊ ကြေး ဆုတံဆိပ်ရရှိခဲ့သော ပဲခူးတိုင်းဒေသကြီး ကိုယ်စားပြု အားကစားသမားများ၊ အုပ်ချုပ်သူ/နည်းပြများအား ဂုဏ်ပြုပွဲကျင်းပပြုလုပ်

ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ယနေ့ နံနက်ပိုင်းက ၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော်တွင် အားကစားနည်းအလိုက် ရွှေ၊ ငွေ၊ ကြေးဆုတံဆိပ်ရရှိခဲ့သော ပဲခူးတိုင်းဒေသကြီးကိုယ်စားပြု အားကစားသမားများ၊ အုပ်ချုပ်သူ/နည်းပြများအား ဂုဏ်ပြုပွဲကျင်းပပြုလုပ်ခဲ့သည်။
Subscribe to